အလင်းရောင်
ဝိပဿနာ အားမထုတ်ဘဲနဲ့ နေရွှေ့ ညရွှေ့ ရွှေ့ နေတာသည်ဥာဏ်ကမဦးဘဲနဲ့  အသေ ဦးသွားရင် ကိုယ့်အတွက် နာမည်။ မသိမူကြောင့်ဒုက္ခဖြစ် ၊ဒုက္ခဖြစ်တော့အမြစ်ထွက်၊ အမြစ်ထွတ်တော့အပင်ပေါက် ချာလည်ဒုက္ခရောက်

Friday 25 December 2009

၅၂၈ ၁၅၀၀

မေတ္တာရဲ့ အဓိပ္ပါယ်နဲ့ ၅၂၈ မေတ္တာ ၁၅၀၀ မေတ္တာတို့ရဲ့ ခြားနားမှူ



မေတ္တာဟူသည် ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ အကျိုးလိုလားခြင်းဟု အဓိပ္ပါယ် ရပါတယ်။ မိမိနှင့်တကွ အခြားသူတို့အား ကောင်းကျိုးဖြစ်အောင်၊ ကျန်းမာချမ်းသာအောင် စသည်ဖြင့် ဆုတောင်းပေးခြင်း၊ ပွားများပေးခြင်းကို မေတ္တာပို့တယ်၊ မေတ္တာပွားတယ်လို့ ဆိုကြပါတယ်။ ဒီလိုမေတ္တာပွားရာမှာ နှစ်မျိုးနှစ်စားရှိပါ တယ်။ အစွဲပါတဲ့ မေတ္တာပွားမှုနဲ့ အစွဲကင်းပြီး ဖြူစင်သန့်ရှင်းတဲ့ မေတ္တာပွားမှုပါ။ ဒီလိုအစွဲကင်းပြီးဖြူစင် သန့်ရှင်းတဲ့မေတ္တာမှသာလျှင် စစ်မှန်တဲ့မေတ္တာဖြစ်ပြီး အစွဲကင်းစွာနဲ့ ပွားများ၊ ပို့သတဲ့ မေတ္တာမျိုးမှသာလျှင် ဖြူစင်တဲ့ မေတ္တာဘာဝနာ ဖြစ်ပါတယ်။ ဒီမေတ္တာဟာ တစ်ခုချင်း၊ တစ်ချက်ချင်း ပွားများမယ်ဆိုရင် (၅၂၈)ချက် ရှိပါတယ်။ အဲဒါကိုပဲ မြန်မာလို ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာဟု အလွယ်ပြောဆိုခြင်းဖြစ်ပါတယ်။

အချို့က အလွဲနားလည်နေတာလေးတွေ ရှိပါတယ်။ မိဘနဲ့သားသမီးများရဲ့အချစ်၊ ဆရာနဲ့တပည့်တို့ရဲ့မေတ္တာ၊ ညီအစ်ကိုမောင်နှစ်မတို့ရဲ့ မေတ္တာတွေဟာ ၅၂၈ မေတ္တာတွေပါတဲ့။ တကယ်တော့ ဒီမေတ္တာဟာ ဖြူစင်တဲ့ ငါးရာ့နှစ်ဆယ့်ရှစ်မေတ္တာလို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် အစွဲလေးတွေရှိနေလို့ပါ။ ဆိုကြပါစို့ မိဘက သားသမီးတွေကို မေတ္တာပို့တဲ့အခါ “ငါ့သားလေး၊ ငါ့သမီးလေး ကျန်းမာပါစေ၊ ဘေးရန်းကင်းပါစေ” စသည်ဖြင့် ပို့ကြပါတယ်။ အဲလိုပဲ သားသမီးက မိဘ၊ ဆရာက တပည့်၊ တပည့်ကဆရာ၊ ညီအစ်ကိုမောင်နှစ်မ အချင်းချင်း စသည်စသည်တို့မှာ မေတ္တာပို့တဲ့အခါ ငါဆိုတဲ့အစွဲ၊ အတ္တလေးတွေပါနေတဲ့အတွက် ဖြူစင်တဲ့ ၅၂၈မေတ္တာအစစ်လို့ ပြောလို့မရပါဘူး။ မေတ္တာလို့တော့ ပြောလို့ရတာပေါ့။ တကယ့် ၅၂၈ မေတ္တာမျိုးဆိုတာ ပို့လိုက်တိုင်း ပို့လိုက်တိုင်းမှာ ကိုယ့်အတွက်မပါပါဘူး။ ငါစွဲမပါပါဘူး။ ၅၂၈မေတ္တာပွားပုံလေးကို ဥပမာပြောရရင် “သတ္တ၀ါအားလုံး ဘေးရန်ကင်းကြပါစေ၊ စိုးရိမ်ကြောင့်ကြမှုကင်းကြပါစေ၊ ညှင်းပန်းနှိပ်စက်မှုကင်းကြပါစေ၊ ချမ်းသာစွာ မိမိကိုယ်ကိုဆောင်ရွက်နိုင်ကြပါ
စေ” စသည်ဖြင့် ပွားများရတဲ့မေတ္တာမျိုးပါ။ ဆိုတော့ကား ဒီပွားများပုံလေးကို ကြည့်ကြည့်ပါ။ ငါ့အတွက်မပါ။ ငါစွဲမပါပါ။ အဲဒီမေတ္တာမျိုးကိုသာ ၅၂၈ မေတ္တာလို့ ဆိုတာပါ။

နောက် ၁၅၀၀ပါ။ ၁၅၀၀ဟာ မေတ္တာ မဟုတ်ပါဘူး။ ကိလေသာပါ။ ဗုဒ္ဓစာပေတွေမှာ ၁၅၀၀မေတ္တာလို့ မသုံးပါဘူး။ ၁၅၀၀ကိလေသာလို့ပဲ သုံးပါတယ်။ အချို့က မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ မောင်နဲ့နှစ်မ စသည့်မေတ္တာမျိုးဟာ ၅၂၈မေတ္တာဖြစ်ပြီး သမီးရည်းစားအချင်းချင်းထားတဲ့ မေတ္တာမျိုးဟာ ၁၅၀၀မေတ္တာလို့ နားလည်မှုလွဲနေကြပါတယ်။ တကယ်တော့ ၁၅၀၀ ဟာ မေတ္တာမဟုတ်ပါ။ ကိလေသာသာဖြစ်ပါတယ်။ ၁၅၀၀ ကိလေသာပါ။ အလျဉ်းသင့်လို့ ၅၂၈ မေတ္တာရေတွက်ပုံနဲ့ ၁၅၀၀ ကိလေသာ ရေတွက်ပုံကိုလည်း ဖော်ပြလိုက်ပါတယ်။

၅၂၈မေတ္တာရေတွက်ပုံ…
သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ၊ သဗ္ဗာဣတ္ထိယော၊ သဗ္ဗေပုရိသာ၊ သဗ္ဗေအရိယာ၊ သဗ္ဗေအနရိယာ၊ သဗ္ဗေဒေ၀ါ၊ သဗ္ဗေမနုဿာ၊ သဗ္ဗေ၀ိနိပါတိကာ ဆိုတဲ့ ပုဂ္ဂိုလ် ၁၂ယောက်ကို အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခီအတ္တာနံပရိဟရန္တု ဆိုတဲ့“-န္တု” လေးချက်နဲ့ တစ်ယောက်ချင်းပွားများပါက ၁၂ယောက် ဆိုတော့ ၄၈ပါ။ ပြီးတော့ အဲဒီပုဂ္ဂိုလ် ၁၂ယောက်ကိုပဲ အရပ်ဆယ်မျက်နှာဖြင့် တစ်မျက်နှာချင်း ပုဂ္ဂိုလ်တစ်ယောက်ချင်းပွားပါက ၄၈၀ပါ။ အဲဒီ ၄၈၀နဲ့ ခုနက ၄၈ချက်နဲ့ ပေါင်းရင် ၅၂၈ပါ။ အဲဒါကိုပဲ ၅၂၈မေတ္တာလို့ ပြောတာပါ။ (၅၂၈မေတ္တာပွားနည်း)
(၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈၀ + ၄၈ = ၅၂၈)

၁၅၀၀ ကိလေသာရေတွက်ပုံ…
စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။ ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅၀ဖြစ်ပါတယ်။ အဲဒီ ၁၅၀ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀၀ဖြစ်ပါတယ်။ အဲဒါကို ၁၅၀၀ ကိလေသာလို့ဆိုတာပါ။ ဒီသဘောက အဘိဓမ္မာမသင်ဖူးသူတို့အတွက် နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
(၇၅ x ၂ = ၁၅၀။ ၁၅၀ x ၁၀ = ၁၅၀၀။)

Wednesday 2 December 2009

ရတာမလို

“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါ။ လိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။

တကယ်တော့ အာသဝေါကုန်ခမ်းပြီး ရဟန္တာအဖြစ်ကို မရသေးသမျှ ဘယ်သူမှ အလိုပြည့်ကြမှာ မဟုတ်ပါဘူး။ ခုတစ်မျိုးတော်ကြာတစ်မျိုး ဖြစ်နေတဲ့ စိတ်ကြောင့်လည်း ခုလိုချင်ပေမယ့် နောင်မလိုချင် ဖြစ်တတ်သလို အခုရနေတာကိုလည်း မရချင်ဖြစ်လာ၊ စိတ်ကုန်လာ ဖြစ်တတ်ပါတယ်။ ကိုယ်ရထားတာကို အလိုမပြည့်နိုင်ပဲ သူများရနေတာကို လိုချင်တတ်ကြပြန်ပါတယ်။ ကိုယ့်ဘ၀ကို မကျေနပ်နိုင်ဘဲ သူများဘ၀ကို အားကျနေတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ လူတွေက ဘုန်းကြီးတွေဘ၀ကို အားကျလို့ သာသနာ့ဘောင်ဝင်ဖို့ ကြိုးစားကြပေမယ့် ဘုန်းကြီးအချို့ကျပြန်တော့ လူ့ဘ၀အားကျကာ လူထွက်ဖြစ်တတ်ကြ တာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့လည်း နာမည်ကြီးနေတဲ့သူတွေကို ကြည့်ပြီးသူတို့ဘ၀လေးကို အားကျလို့ သူတို့လိုဖြစ်အောင် ကြိုးစားကြပေမယ့် နာမည်ကြီးနေတဲ့ သူတွေကလည်း သူတို့ဘ၀ရဲ့ ဒုက္ခနဲ့ လွတ်လပ်မှု မရှိတာတွေကြောင့် ဘာမှမဖြစ်ဘဲ ရိုးရိုးအေးအေးလေးပဲ ဖြစ်နေတဲ့ သာမန်လူတွေရဲ့ ဘ၀ကို အားကျပြန်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်နေရတဲ့ လက်ရှိဘ၀အခြေအနေနဲ့ လက်ရှိနေရတဲ့ တိုင်းပြည်နိုင်ငံကြောင့် တိုးတက်ပြီး ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြသလို တိုးတက်ပြီး နိုင်ငံမှာရှိနေတဲ့ သူတွေကျပြန်တော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ့ပေမယ့် အေးချမ်းပြီး စိတ်ချမ်းသာမယ်ထင်တဲ့ နိုင်ငံလေးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ်ရဲ့လက်ရှိ အခြေအနေတွေပေါ်မှာ အလိုမကျဖြစ်ပြီး တစ်ခြားအရာတွေပေါ်မှာ တောင့်တလိုချင်မှုတွေ၊ ရတာကိုမလိုချင်ဘဲ လိုတာကို ရချင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ စာစကားနဲ့ ပြောရရင်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့လည်း နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပြောဆိုဖူးပါတယ်။ တစ်ခါတစ်လေ သူတို့တွေရဲ့ ညဉ်းသံလေးတွေ ကြားရပါတယ်။ တစ်ချို့ ဆရာတော်ကြီးများက ဆိုဆုံးမဖူးပါတယ်။ “အရှင်ဘုရားတို့… ဘုန်းမကြီးကြစေနဲ့၊ နာမည်မကြီးကြစေနဲ့၊ တပည့်တော်တို့လည်း ငယ်တုန်းက ဒီစိတ်လေးတွေနဲ့ ကြိုးစားအားထုတ်ခဲ့ကြလို့ ခုဒီဘ၀ကို ရောက်လာခဲ့တယ်၊ ရောက်လာတော့လည်း ဒီလိုနေရတဲ့ဘ၀ကို ငြီးငွေ့လာတယ်၊ ဒကာဒကာမတွေနဲ့ ပြောဆိုဆက်ဆံရမှာကို စိတ်ကုန်လာတယ်..၊ တစ်ခါတစ်လေ ဘာမှမဖြစ်တဲ့ ဘ၀၊ ရိုးရှင်းတဲ့ဘ၀လေးကိုပဲ ပြန်လိုချင်နေမိတယ်၊ စိတ်ကလည်း ခက်သား ရတာကိုတော့ မလိုချင်ဘူး မရတာကျတော့ လိုချင်ပြန်တယ်၊ ဒါကြောင့် အရှင်ဘုရားတို့လည်း သိပ်ပြီးမလိုချင်ကြနဲ့၊ ရှိတဲ့အတိုင်းအတာလေး အပေါ်မှာပဲ ကျေနပ်နိုင်အောင် ကြိုးစားကြ…“ စသဖြင့် သြ၀ါဒ ပေးတာလေးတွေကို မှတ်သားရဖူးပါတယ်။

ဘုန်းကြီးလေ ဒုက္ခရောက်လေဆိုတဲ့ ဒီစကား သိပ်မှန်ပါတယ်။ တစ်လောက မင်းကွန်းဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိလေးကို ဖတ်မိတော့ ဆရာတော်ရဲ့ ကဗျာလေးတွေထဲမှာ တိပိဋကဖြစ်ပြီးနောက် နာမည်ကြီးပြီး ပူဇော်မှုတွေများ၊ ဒကာဒကာမတွေများ လာတဲ့အခါ သိပ်ပင်ပန်းရတဲ့ အကြောင်း ညဉ်းထားတာလေး ဖတ်ရတော့ “သြော်… ဆရာတော်တို့ ဒုက္ခကလည်း မသေးပါလား“လို့ အပင်ပန်းခံ၊ ဒုက္ခခံပြီး အမျိုးဘာသာ၊ သာသနာအတွက် ကြိုးစားဆောက်ရွက်တော် မူခဲ့တဲ့အပေါ် ကြည်ညိုလေးစားမိရင်း တစ်ဘက်ကလည်း ဒီလိုဒုက္ခတွေကြောင့် ပင်ပန်းရတဲ့အကြောင်း ညဉ်းထားတဲ့ ညဉ်းချင်းလေးဖတ်ရတော့ ဆရာတော်ကြီးကို သနားမိပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ စိတ်မကောင်းဖြစ်ဆိုလည်း ဖြစ်ချင်စရာပါ။ ဆရာတော်ရဲ့ ညဉ်းချင်းလေးက သိပ်ပြီးရသမြောက်နေတာကိုး။ ဆရာတော်ကြီးက…
“တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့်ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော်သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။ (ညည်းချင်းသဖြန်)” လို့ စပ်ဆိုတော်မူခဲ့တဲ့ ဒီညဉ်းချင်းလေးဟာ သတ္တ၀ါတွေရဲ့ အလိုမပြည့်မှုတွေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာတွေဟာ ထင်သလို မရဘူးဆိုတာတွေကို အသိပေးနေ၊ သံဝေဂပေးနေသလို ဖြစ်ပါတယ်။

မှန်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ဟာ သိပ်ပြီးနာမည်ကြီးလာ ဘုန်းကြီးလာပြီဆိုရင် ဒုက္ခပါကြီးလာပါတော့တယ်။ ဒါကိုမသိတဲ့အခါ ဒီဒဏ်ကို မခံဖူးသူတွေက အားကျမိကြမှာ၊ အဲဒီပုဂ္ဂိုလ်အတိုင်း ဖြစ်ချင်မိကြမှာ ဓမ္မတာပါ။ ကိုယ့်မှာမရှိတဲ့အရာ၊ ကိုယ်မကြုံဖူးတဲ့အရာ၊ ကိုယ်ဖြစ်ချင်ပေမယ့် မဖြစ်တဲ့အရာတွေ သူများမှာဖြစ်နေတာကို ကြည့်ပြီး ဘယ်သူတွေက ဒုက္ခလို့ ဘယ်လောက်ပဲပြောပြော ကိုယ်ကဖြစ်ချင်နေ၊ ရချင်နေတဲ့အတွက် ဒီဒုက္ခဆိုတဲ့အရာကိုပဲ လိုလိုချင်ချင်ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုရှိပါတယ်။ ရယ်စရလို့ ဆိုပေမယ့် ကြည့်သူရဲ့ အမြင်ပေါ်လိုက်ပြီး ခြားနားကြောင်းကို ဒီအကြောင်းလေးက သက်သေပြနေပါတယ်။ ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးဟာ ကပ္ပိယသာဂိဆိုတဲ့ ကလေးနဲ့ အတူနေပါတယ်။ သာဂိလေးဟာ ဆရာတော့်အနားမှာ အမြဲနေပေးရပါတယ်။ ဆရာတော်လိုတာကို လုပ်ပေးရပါတယ်။ ဆရာတော်ဆွမ်းစားရင်လည်း အမြဲအနားမှာ ရှိပေးရပါတယ်။ အမြဲအနားမှာ နေနေတော့ ဆရာတော်ကြီးရဲ့ နေထိုင်ပြောဆို ကျင့်ကြံတာတွေကိုလည်း သိခွင့်ရနေပါတယ်။ ဆရာတော်ကြီးဟာ လက္ခဏာရေးသုံးပါးကို အမြဲဆင်ခြင်နေတဲ့ ဆရာတော်ဖြစ်တော့ ဘာပဲလုပ်လုပ် ဘာပဲစားစား အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည် ဆင်ခြင်လေ့ရှိပါတယ်။ တစ်နေ့တော့ ဆရာတော်ကြီးဟာ ဆွမ်းစားချိန် ဆင်ခြင်နေကျအတိုင်း ဟင်းဆယ်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ အသားတုံးကို ဘုဉ်းပေးတဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ကြက်သားတုံးကို ဆယ်ထည့်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ၀က်သားတုံးထည့်လည်း ဒုက္ခဒုက္ခ..စသည်ဖြင့် နှုတ်မှထွက်ပြီး ဆင်ခြင်ပါတယ်။ ဒါကို အနားမှာ ယက်ခပ်ပေးနေတဲ့ သာဂိက ကြက်သားတုံး ၀က်သားတုံးတွေကို ကြည့်ကာ အားမလိုအားမရဖြစ်ပြီး “အင်း… ဒါမျိုးဒုက္ခကတော့ သာဂိတို့လည်း ခံစားချင်ပါရဲ့“လို့ နှုတ်က ရေရွတ်မိပါတယ်တဲ့။ ဒီအကြောင်းလေးဟာ ဟာသရသဖြစ်စရာ ဆိုပေမယ့် ဆရာတော်ကြီးရဲ့ ခံယူချက်နဲ့ သာဂိရဲ့ အမြင်မတူ ဖြစ်စဉ်လေးပါ။ ဆရာတော်ကြီးဟာ ဒီလိုရသမျိုး နေ့စဉ်ဘုဉ်းပေးနေရတဲ့အတွက် ငြီးငွေ့ပြီး ဒုက္ခလို့ထင်ကာ ဆင်ခြင်နေပေမယ့် သာဂိအတွက်ကတော့ သုခဖြစ်နေတော့တာပါ။ ဒါကြောင့် သတ္တ၀ါတွေဟာ ကိုယ့်အနေအထားကို အလိုမကျဖြစ်ပြီး သူများကိုအားကျမှု ဖြစ်တတ်ကြခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အခြေအနေအရ ရှိတဲ့အတိုင်းအတာလေးကို ရောင့်ရဲနိုင်အောင် ကြိုးစားခြင်းဟာ နေရတဲ့ခိုက်မှာ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဒီနေရာမှာ သဘောကျစရာကောင်းတဲ့ စကားလေးတစ်ခုရှိပါတယ်။ “ရှိတာလေးနဲ့ ရောင့်ရဲပါ“တဲ့။ ဒီစကားလေးက သိပ်တန်ဘိုးရှိပါတယ်။ ဗုဒ္ဓစာပေမှာတော့ “တုဋ္ဌီ သုခါ ယာ ဣတရေန= ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်နှစ်သိမ့်နိုင်ခြင်းဟာ ချမ်းသာ၏“ လို့ ဖော်ပြထားပါတယ်။ သိကြတဲ့အတိုင်းပဲ ရတာလေးအပေါ်မှာ မရောင့်ရဲနိုင် မကျေနပ်နိုင်ကြတော့ တစ်ချို့က ပိုပြီးရအောင် ကြိုးစားကြပါတယ်။ ပိုပြီးလိုချင် ပိုပြီးရချင်တော့ တရားတာရော မတရားတာရော မသိတော့ဘဲ ရဖို့တစ်ခုတည်းကြည့်ပြီး လုပ်မိကြရာက ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခဖြစ်ကြရပါတယ်။ ရချင်တဲ့ လိုချင်တဲ့ လောဘဆိုတာ အကန့်လေးနဲ့ တားပေးရပါတယ်။ အဲဒါကို တုဋ္ဌီ (ရောင့်ရဲတင်းတိမ်နိုင်ခြင်း)လို့ ခေါ်ပါတယ်။ အကန့်မထားရင် ရပြီးရင်းရချင်၊ လိုပြီးရင်လိုချင် ဖြစ်လာတတ်ပါတယ်။ ရပြန်တော့လည်း ကျေနပ်နှစ်သိမ့်မှု မဖြစ်နိုင်ဘဲ နောက်တစ်ခုကို ရဖို့အားထုတ်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးနိုင်တော့ဘဲ နောက်ဆုံးတော့ အလိုမကျမှုတွေနဲ့သာ လည်နေကြပါတော့တယ်။

သတ္တ၀ါတွေဟာ ရနေတာကို မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဖြစ်တတ်ပြီး မရသေးတာကို လိုချင်တတ်တာ သဘာဝဖြစ်ပေမယ့် ရှိသမျှအတိုင်းအတာ၊ ရသမျှအတိုင်းအတာ၊ ကံပေးသမျှ အတိုင်းအတာလေးနဲ့တော့ ရောင့်ရဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မရောင့်ရဲ့နိုင်ရင် ရချင်မှု၊ လိုချင်မှု၊ ရသမျှကို အလိုမကျနိုင်မှု၊ ရပြီးတော့လည်း ထပ်ရချင်မှု၊ သူ့ရှိတာကို အားကျမှု စတာတွေကြောင့် ဒီဟာတွေနောက်ကို လိုက်ရင်းလိုက်ရင်း မဆုံးနိုင်အောင်ပင် ဖြစ်နေတတ်ပါတယ်။ သေချာတာကတော့ ကိုယ်ကဘယ်လိုပဲ လိုချင်ရချင်နေပေမယ့် လောကကြီးဟာ သူ့သဘောအတိုင်းသာ ဖြစ်နေတော့ လိုချင်တာကို ရချင်မှလည်း ရနိုင်မှာ၊ ရတဲ့ဟာလည်း ကိုယ်လိုချင်တဲ့ဟာ ဖြစ်ချင်မှဖြစ်မှာဆိုတာပါပဲ။ ဒါကြောင့် ရတာမလို လိုတာမရတဲ့ လောကကြီးမှာ ရချင်မှုနောက်တွေပဲ လိုက်မနေကြပဲ ရသမျှ ရှိသမျှအပေါ်မှာသာ ရောင့်ရဲနိုင်အောင်၊ ကျေနပ်နိုင်အောင် ကြိုးစားသင့်ကြပါကြောင်း..

Wednesday 18 November 2009

ရည်ရွက်ချက်

သင်ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ

အားလုံးသော လူတိုင်း လူတိုင်းကိုပေါ့ ဘာရည်ရွက်ချက်နဲ့ လူဖြစ်နေသလဲ?လူဖြစ်ရခြင်းရဲ့ ရည်ရွက်ချက်က ဘာလဲ? လို့မေးရင် တိကျမှန်ကန်စွာဖြေနိုင်ဖို့တော့ ခက်ခဲမယ် ထင်ပါရဲ့

ဥပမာ ဆိုပါစို့ လူတစ်ယောက်ကို မေးမယ် သူက ဆရာဝန်ကြိးလုပ်မယ် တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ဂျာနယ်လစ် တစ်ယောက်က သတင်းစာဆရာ ဘာ ညာ စသဖြင့်ပေါ့ သူတို့တွေ အားလုံးရဲ့ ရည်ရွက်ချက်တွေ မတူညီတာကို တွေ့ရပါလိမ့်မယ် တူညီမူ့ မရှိဘဲ ထွက်လာပါလိမ့်မယ်။
ကဲ ဒီလိုဆိုရင် လူတစ်ထောင်ရှိရင် ရည်ရွက်ချက် တစ်ထောင်ထွက်လာနိုင်တာပေါ့နော်။

လူသားတိုင်းမှာ မရှိမဖြစ်တဲ့ ရည်ရွယ်ချက် ရှိသင့်တာပေါ့ အဲဒီ ရည်ရွက်ချက်က လူသားအားလုံးနဲဆိုင်တဲ့common ဖြစ်တဲ့ ရည်ရွက်ချက် ဖြစ်ရမယ်။
အဲဒီရည်ရွက်ချက်က ဘာလဲဆိုလိုရှိရင် တိုများရဲ့ ဗုဒ္ဓ ဘုရားရှင်က ဟောထားပါတယ်။
အားလုံးလြဲ ကြမှာပါ ပရိတ်ကြီးထဲက ရတနာသုတ်ထဲမှာ ပါပါတယ်။
လောကတ္ထစရိယ၊ ဥာတတ္ထစရိယ၊ ဗုဒ္ဓတ္ထစရိယာတိ တိေဿာ စရိယာယော......လို

လောကတ္ထစရိယ- ဆိုတာ
ချစ်သူ၊ မုန်းသူ၊ လူကောင်း၊ လူဆိုး၊ ဝေးသူ၊ နီးသူ၊ ဖြူသူ၊ မဲသူ၊ ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး
အသားအရောင် အမျိုးမျိုး၊ လူမျိုးအထွေထွေ ဘယ်မျက်နှာမှ မကြည့်ပဲနဲ့  အသက်ရှိသတ္တ၀ါ အားလုံးရဲ့
ကောင်းကျိုးကို ငါဆောင်ရွက်မယ် ဆိုတဲ့ ရည်ရွက်ချက်ကို လောကတ္ထစရိယ လို့ဆိုပါတယ်။
ဒီလူ့အကျိုးတော့ ငါဆောင်ရွက်မယ်၊ ဟိုလူ့အကျိုးတော့ ငါမဆောင်ရွက်ဘူး ဒီလို မဟုတ်ဘဲ
အလွန်ကျယ်ပြန့်တဲ့ ရည်ရွယ်ချက် နံပါတ် တစ် လောကတ္ထစရိယ
အားလုံး သေသည်အထိ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားစေချင်ပါတယ်။
တလောက်ကလုံးအတွက် မတတ်နိုင်ရင် နည်းနည်းလေး လျှော့လိုက်
ဒုတိယက ဥာတတ္ထစရိယ တဲ့

ဥာတတ္ထစရိယ- ဆိုတာ
ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အကျိုးစီးပွား ဖြစ်အောင် အားထုတ်ခြင်း၊
(၁) တစ်တိုင်းလုံး တစ်ပြည်လုံးမှာရှိတဲ့ လူသားအားလုံးတို့ရဲ့ အကျိုးစီးပွားကို
ငါဆောင်ရွက်မယ်။
(၂) အဲဒီလောက် မလုပ်နိုင်ရင် ဘယ်လောက်လုပ်မလဲ ကိုယ့်ရပ် ကိုယ့်ရွာက ကိုယ့်ဆွေကိုယ့်မျိုး များရဲ့
အကျိုးစီးပွားအတွက် ငါဆောင်ရွက်မယ်။
ရည်ရွယ်ချက် နှစ်ပါးနော် အဲဒီရည်ရွယ်ချက် နှစ်ပါးစလုံးက ပရဟိတ တွေချည်းပဲ။

ဗုဒ္ဓတ္ထစရိယ- ဆိုတာ
မြတ်ဗုဒ္ဓကတော့ သူ့အတွက် ဗုဒ္ဓ ဖြစ်ဖို့ဆိုတော့ “ဗုဒ္ဓတ္ထစရိယ” လို့ ပြောတာနော်
အဲဒါကို ဦးဇင်းတို့ စာဖတ်သူတို့နဲ့ ကိုက်ညီအောင် စကားလုံးပြောင်းပြီး ပြောရမယ်
“အတ္တတ္ထ စရိယ” လို့
အတ္တတ္ထ စရိယ - မိမိ ကိုယ်ကျိုးစီးပွားအတွက်နော်
ငါသည် လောကလူသားအားလုံးရဲ့ အကျိုးစီးပွားအလို့ငှါ လူဖြစ်လာတာ လောကတ္ထစရိယ
အဲဒီလောက် မတတ်နိုင်ဘူး ဆိုရင်
ငါသည် ငါ့ရပ် ငါ့ရွာရဲ့ အကျိုးစီးပွါးအတွက် လူဖြစ်လာတာ ဥာတတ္ထစရိယ
အဲဒီ ရည်ရွယ်ချက် နှစ်ပါးကို ဆောင်ရွက်နိုင်ဖို့အတွက် လူသားတစ်ယောက်သည် ဘာလုပ်ရမလဲ
အတ္တတ္ထ စရိယ - မိမိရဲ အကျိုးစီးပွါး ပြည့်စုံအောင် ဆောင်ရွက်ရမယ်။
အတ္တတ္ထ စရိယ- ကိုယ်ကျိုး စီးပွားလို့ဆိုလိုက်လို့ စာဖတ်သူတို့ တစ်မျိုး သွားပြီးတော့ စိတ်မကူးနဲ့နော်
ငါတိုက်ဆောက်ဖို့ ကားစီးဖို့ အရင်လုပ်ရမယ် ဆိုတာမျိုး သွားမတွေးနဲ့
အဲဒါ ပြောတာ မဟုတ်ဘူး ကိုယ်ကျိုးစီးပွားဆိုတာ
မိမိကိုယ်တိုင် ကိုယ်ကျင့်တရားနှင့် ပြည့်စုံဖို့၊ သီလ နဲ့ပြည့်စုံဖို့ အရင်လုပ်ရမယ်လို့
ဆိုလိုတာ သီလ ဆိုတော့ ဒို့ သီလမတတ်နိုင်ဘူးလို့ ဒီလို သွားမတွက်နဲ့

သီလဆိုတာ ဘာလဲ လို့မေးရင်
Bodily discipline and Verbal discipline.
This is Sila.

Bodily discipline- ဆိုတာ ကိုယ်၏ စည်းကမ်း၊
Verbal discipline- ဆိုတာ ပါးစပ်စည်းကမ်း အဲဒါကို သီလ လို့ခေါ်တယ်။

ပါဏာတိပါတာ ဝေရမဏိ- အသက်ရှိသတ္တ၀ါတွေကို မသတ်ဘူး
Not to kill any living beings.

အဒိန္နာဒါနာ ဝေဒမဏိ- ပိုင်ရှင် မပေးတဲ့ပစွည်း ဘာမှ မယူဘူး၊
Not to take anything, not given by owner.

Not to do sexual misconduct -သူတပါးသားမယားကို မဖျက်စီးဘူး
လိင်နဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အကျင့်ကို မကျင့်ဘူး ဒါတွေဟာ ကာယကံ စည်းကမ်း၊

နောက် ဒုတိယ က
Verbal discipline- ပါးစပ်စည်းကမ်း
မုသာဝါဒါ ဝေဒမဏိ -မဟုတ်မမှန်တဲ့ စကားကို မပြောဘူး
I undertake the precept not telling lie.
ရှင်းအောင် ထပ်ပြောကြစို့
ဘုန်းကြိးပြော ပြောမယ်ဆိုရင်ပေါ့
မုသာဝါဒါ၊ ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊ သမ္ပပ္ပလာပ၀ါစာ လို့လာပါတယ်။
ဒါကို ခေတ်နဲ့ ကိုက်ညီအောင် ပြောရရင်

Must be true
မှန်တာကို ပြော၊ မှန်တိုင်းလဲ ပြောရမလား ဆိုတော့ မှန်တိုင်းလဲ မပြောနဲ့တဲ့ မှန်တာတွေ အကုန်လျှောက်ပြော
နေလို့ ဖြစ်တာ မဟုတ်ဘူး မဟုတ်လား။

Must be honest
ရိုးရိုးသားသား ပြော၊ ရိုးသားတဲ့ စိတ်နဲ့ပြောတဲ့

Must be polite
ယဉ်ယဉ်ကျေးကျေးပြော တဲ့ ဒီလောက်နဲ့ ဒီစကားဟာ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးဘူး

Must be beneficial for others and oneself.
မိမိအတွက်ရော သူတစ်ပါးအတွက် အကျိုးဖြစ်မယ့် စကားကို ပြောရမယ်။

Must be harmonious
ညီညွတ်ရမယ် တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရမယ့် စကားမျိုးတွေ သွားမပြောနဲ့ ချစ်ခင်နေတဲ့
လူနှစ်ယောက် ကွဲသွားအောင် သွားမပြောနဲ့ ကွဲနေတဲ့လူကို စေ့စပ်တဲ့ စကားမျိုးပဲပြောတဲ့

Must be pleasant
နားချမ်းသာ အောင်ပြောရမယ်

စကားအရာ အင်္ဂါခြောက်ပါးနော် နှလုံးသားထဲမှာ စွဲနေအောင် ဖတ်ပါ မှတ်သားပါ
ထိုကဲ့သို့ စကားကို ကောင်းစွာပြောခြင်းသည် ဘာ မင်္ဂလာ ဖြစ်သလဲ ဆိုရင်
မင်္ဂလ သုတ်ထဲမှာ ပါပါတယ်
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဆိုတာ ဘယ်လောက်ကောင်းသလဲ
စကားကိုကောင်းစွာ ပြောခြင်းသည် သုဘာသိတ မင်္ဂလာ ဖြစ်နေတယ်တဲ့
ဘယ်လောက် လူတွေနဲ့ ဆက်စပ်တဲ့ အဆုံးအမ တွေကို မြတ်ဗုဒ္ဓ ဆုံးမတော် မူထားသလဲ?

ကိုးကား
သီတဂူ ဆရာတော် ဘုရား၏
တောင်ကြိးတက္ကသိုလ်တွင် ဟောကြားအပ်သော တက္ကသိုလ် တရားတော်

ဆင်းတုတော်

ဆင်းတုရှိခိုးတာ အကျိုးရှိလား

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။

ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။


ဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်းမြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။


ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။


ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့

ပိဋကတ်သုံးပုံ၊

မဂ်လေးတန်၊

ဖိုလ်လေးတန်နဲ့

နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်တယ်။


ဥဒ္ဒိဿစေတီ…

သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။


ပရိဘောဂစေတီ…

မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။


အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကိုရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။


ဥပမာ…ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကိုကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။


ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။


ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။

ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက

အရဟံအစ ဘဂ၀ါအဆုံး

အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊

ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား၊

သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့

မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊

ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

ကိုးကား-(ဒေါက်တာမင်းတင်မွန်)

ခင်ပွန်းကြီးဆယ်ပါး

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…
Q. အရှင်ဘုရား…
ခင်ပွန်းကြီး ၁၀ ပါးမှာ ၁-ဘုရား၊ ၂-ပစ္စေကဗုဒ္ဓါ၊ ၃-ရဟန္တာ၊ ၄-အဂ္ဂသာဝက၊ ၅-အမိ၊ ၆-အဘ၊ ၇-အလေးအမြတ်ပြုအပ်သော ဆရာ၊ သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ၊ ၈-လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ၊ ၉-ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်းဖူးသူ )၊ ၁၀-တရားဟော ပုဂ္ဂိုလ် လို့ ဖတ်ရှုရပါတယ်ဘုရား။ ရဟန္တာနှင့် အဂ္ဂသာဝကများ ပါသော်လည်း သောတာပန်စသည့် ကျန်သံဃာများ မပါသည်ကို တွေ့ရပါသည်။ ၇ နှင့် ၈ မှာလဲ အလေးအမြတ် ပြုအပ်သော ဆရာနှင့် လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးသော ဆရာမှာ တစ်မျိုးတည်းဟု ထင်ပါသည်။ သမာဓိနှင့်ပြည့်စုံ ဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ- ဆိုသည်မှာလည်း ဘာကို ဆိုမှန်း နားမရှင်းပါ။ ၁၀- တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ ဖြစ်သဖြင့် နားမရှင်းပါ။ တပည့်တော်အား သနားသဖြင့် ရှင်းပြပေးတော်မူပါ ဘုန်းဘုန်း။


A. ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာမေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါတယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆတွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီးဖြစ်ပါတယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက (တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။

အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူးတရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။



ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

စာပေမြင့်မှ လူမျိုးတင့်မည်။ လူမျိုးတင့်မှ တိုင်းပြည်မြင့်မည်။ စာပေသည် တိုင်းပြည်နှင့် လူမျိုး၏ အသက်ဖြစ်သည်။ စာပေထွန်းကားမှ နိုင်ငံထွန်းကားမည်။ စာပေသည် ရတနာမျိုးစုံကို ထည့် သွင်း သိမ်းဆည်းထားသော သေတ္တာတစ်လုံးနှင့်တူသည်။ တန်ဘိုးရှိသော ပညာရပ်မှန်သမျှကို စာပေဖြင့် ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးကို တိုးတက်အောင် ပြုလုပ်ရာ၌ စာပေကို မျက်ကွယ်ပြု၍ မရနိုင်ပေ။

စာပေသည် အမှောင်နှင့်အလင်း အမှားနှင့်အမှန်ကို ရှင်းလင်း သိနိုင်အောင် ပြသပေးသော မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့် သာသနာ တိုးတက်စည်ပင်ရေးအတွက် စာပေတည်းဟူသော မီးရှူးတန်ဆောင်ကို အရှိန်အဟုန် မပျက် ဆက်လက် ညှိထွန်းနေရမည်ဖြစ်သည်။ စာပေသည် အလင်းတကာတို့ထက် ပိုမို၍ လင်းအားကောင်းသော အရာဖြစ်သည်။ စာပေအလင်းရောင်ကြောင့် တိုင်းပြည်သည် တစ်ခဏချင်း လင်းထိန်သွားနိုင်သည်။ လူမျိုးသည် တောက်ပြောင် နိုင်သည်။ ဘာသာနှင့် သာသနာသည် ထိပ်တမ်းသို့ မြင့်တက်သွားနိုင်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော စိတ်ကို ဖော်ပြသောအားဖြင့် စာပေ အလံတံခွန်ကို အမြင့်ဆုံးသို့ ရောက်အောင် မြှင့်တင်နေရမည်ဖြစ်သည်။

တနည်းအားဖြင့် စာပေသည် ပညာရပ်အားလုံးတို့၏ ကိုယ်စားပြု နာမ်စားတစ်ခုဖြစ်သည်။ စာပေကို လိုက်စားခြင်းဖြင့် ပညာရပ်အားလုံးကို တတ်သိနားလည်ပြီး အများအားကိုးထိုက်သည့် အကျိုးပြု ပညာတတ်ကြီးအဖြစ်သို့ ရောက်ရှိနိုင်သည်။ စာပေကြောင့် အသိအမြင်နှင့် ဘဝ အခြေအနေ တိုးတက် ပြောင်းလဲ သွားသူများ ကမ္ဘာတစ်ဝှမ်း၌ မြောက်များစွာရှိသည်။

ပညာနှင့်ပတ်သက်၍ မြတ်စွာဗုဒ္ဓသည် အောက်ပါမှတ်သားဘွယ်ရာ နီတိဆန်သော စကားရပ်များကို မိန့်ကြားတော်မူခဲ့သည်။ ၄င်းတို့မှာ-

နတ္ထိ ပညာသမာ အာဘာ နတ္ထိ (သံ၊၁၊၆၊ပါ) လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိ။

ပညာ နရာနံ ရတနံ (သံ၊၁၊၃၃၊ပါ) ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

ပညာ လောကသ္မိံ ပဇ္ဇောတော (သံ၊၁၊၄၁၊ပါ) ပညာသည် လောကကြီးအတွက် အကောင်းဆုံး အလင်းရောင်။

ထို့ပြင် စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ပညာမျက်စိ၊ အသိ၊ အမြင်၊ နားလည်မှုများရှိလျှင် ဘဝလွတ်မြောက်မှုကို ရနိုင်သည်ဟု အားပါးတရ မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် အမှောင်ကင်း ပျောက် သော လောကကြီးဖြစ်စေရန် အသိမှန် အမြင်မှန်ပေးနိုင်သော စာပေများကို ဦးစားပေးစနစ်ဖြင့် ဖတ်ရှုလေ့လာ ပြန့်ပွားအောင်ပြုလုပ်ရမည်ဖြစ်သည်။

သံယုတ်ပါဠိတော်၌ ခွန်အားကောင်းလိုသော် အစာအာဟာရကို လှူ၊ ရုပ်ရည်ကောင်းလိုသော် အဝတ်တန်ဆာကို လှူ၊ မျက်စိကောင်းလိုသော် အလင်းရောင်ကိုလှူ၊ ချမ်းသာကို အလိုရှိသော် ယာဉ်ရထားကို လှူ၊ ၄င်းသုံးမျိုးကို တစ်ပြိုင်နက် ရလိုသော် အရိပ် အာဝါသ ကျောင်း ဇရပ်ကို လှူ။ အသိဥာဏ်ကြီးလိုသော် တရား(ပညာ)ကိုလှူ (သံ၊၁၊၂၉၊ပါ) ဟု မြတ်စွာဗုဒ္ဓမိန့်တော် မူခဲ့သည်။ ထို့ကြောင့် အသိဥာဏ်ကြီးလိုက အသိဥာဏ်ကြီးကြောင်း ပညာရပ်များကို ဖြန့်ဝေခြင်း မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ ပညာရပ်ကို ဖြန့်ဝေသည် ဆိုရာ၌ သင်ကြားခြင်း၊ သင်ယူခြင်း၊ တရားစကား ပြောခြင်း၊ နားထောင်ခြင်းများအပြင် စာအုပ်စာပေများ ပေး လှူခြင်းများလည်းပါဝင်သည်။

နံရံများ၏ ပဲ့တင်သံများသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းများဖြစ်သည်။ အလေး အပေါ့ အကျယ်အကျဉ်း အကောင်းအဆိုး အတိုးအမြင့်သည် မူလဘူတ ပြုလုပ်သူ၏ အင်အားနှင့် များစွာ သက်ဆိုင် သည်။ ဆိုလိုသည်မှာ လောက၌ အရာရာသည် အကြောင်းမဲ့ သက်သက်ဖြစ် နေခြင်းမဟုတ်ဘဲ အကြောင်းအကျိုး အားဖြင့် နှီးနွှယ် ဖြစ်ပျက်နေခြင်းဖြစ်သည်။ ထိုကို ပညာရှိ သူတော်ကောင်းများက ဇနေတိ သဒိသံ ပါကံ (အဘိ၊၃၆)

လောက၌ အရာရာသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းရှိသည် ဟု အလေးအနက် မိန့်ကြား တော်မူခဲ့ခြင်းဖြစ်သည်။ ။

အစစ်ဖြစ်ပြီလား

ဗုဒ္ဓဘာသာအစစ် ဖြစ်ပြီလား


ဗုဒ္ဓဘာသာအစစ် ဖြစ်သူဟာ သရဏဂုံသုံးပါးကို မမှိတ်မသုန် ယုံကြည်တဲ့သူလို့ အများ နားလည်ကြပါတယ်။ ဗုဒ္ဓဘာသာအစစ်ဖြစ်ဖို့ ဘယ်လို ယုံကြည်တာကို မမှိတ်မသုန် ယုံကြည်တယ်လို့ ဆိုတာကို တင်ပြပေးပါမယ်။
ဒီနေရာမှာ သရဏဂုံသုံးပါး ခံယူခြင်းကနေ စပြောပါ့မယ်။ သရဏဂုံဆိုတာ အပြောနဲ့ပြောနေတဲ့ ဘုရားပုံ၊ တရားသံ၊ ရဟန်းသံဃာကို ဆိုလိုတာ မဟုတ်ပါဘူး၊ ပုံတော်မှာ ကိန်းနေတဲ့... ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကို ခေါ်ဆိုတယ်လို့ မှတ်ရပါမယ်။ ယင်းသို့ ခံယူကိုးကွယ်ခြင်း

လူတန်းစားကလည်း ၂-မျိုး ၂-နည်း ရှိပါတယ်။

၁။ သရဏဂုံ ခံယူခြင်း သက်သက်မျှသာ လူတန်းစားက တစ်မျိုး၊

၂။ သရဏဂုံကို ယုံကြည်လေးစား ပွားများ ခံယူခြင်း လူတန်းစားက တစ်မျိုး၊

သရဏဂုံခံယူခြင်း သက်သက်မျှ လူတန်းစားဆိုတာက သရဏဂုံ ၃-ပါးရဲ့ ဂုဏ်တော်များကိုလည်း ဘာမျှမသိ၊ ရိုသေလေးစား အားထားမှုလည်း မရှိ၊ “ဣတိပိ သော ဘဂ၀ါ”လောက်ပဲ သာမန် သင်ယူ ကြားသိထားပြီးတော့ မိဘဘိုးဘွားတို့၏ ရိုးရာ ခံယူနေကျအတိုင်း ဘုန်းကြီးက ရှေ့ကဆိုပေးသလို “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် လိုက်ဆို ခံယူခြင်းမျိုးကို ခေါ်ဆိုပါတယ်။ ဥပမာပြရရင်---အနေကဇာတင်၊ ရှင်ပြု၊ ရဟန်းခံ၊ အိမ်တက်မင်္ဂလာ၊ ပရိတ်ရွတ်၊ မွေးနေ့ဆွမ်းကျွေးနဲ့ အသုဘအိမ်တိုင်းမှာ လူတွေ လိုက်လိုက်ပြီး ခံယူနေကြတဲ့ သရဏဂုံမျိုးလိုပါ။ ဂစ္ဆာမိ-ရုံနဲ့ ပြီးတာကို ဆိုလိုတာပါ။

၁-နံပါတ်သရဏဂုံခံယူသူ...

နံပါတ်-၁- သရဏဂုံခံယူတဲ့ လူတန်းစားက ဗုဒ္ဓ၊ ဓမ္မ၊ သံဃာမှာရှိတဲ့ ဂုဏ်တော် ကျေးဇူးတော်များကိုလည်း အရှိအတိုင်း ဘယ်ဟာမှ မည်မည်ရရ မသိပေမဲ့ သူတို့လုပ်စရာ ရှိတဲ့....
၁။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း ဒါနရယ်..
၂။ ခံယူဆောက်တည် ကျင့်သုံးခြင်း သီလရယ်..
၃။ ပရိတ်တရား နာယူခြင်း ဘာဝနာရယ်... ဒီအမှုမျိုးကိုတော့ အပြည့်အစုံပြုနေတာပါပဲ။ အဲသည်ထဲမှာ လောကချမ်းသာရေးအတွက် အမှန်လည်း ပါတယ်။ အလိမ်အညာခံ အမှားတွေကလည်း အများကြီးပါပါတယ်။
အခုဆိုခဲ့သလို ခံယူခြင်းမျှသာ သရဏဂုံရှိနေတဲ့ လူတန်းစာဟာ ဗုဒ္ဓဘာသာဝင်သူ အစစ်တို့ ရသင့်ရထိုက်တဲ့ ဗုဒ္ဓညွှန်ကြားချက်အရ လောကမှထွက်မြောက်ရာ ကောင်းကျိုး ချမ်းသာရေး အိုနာသေဘေးလွတ်ရာ အနှစ်သာရရှိတဲ့ သုခများကိုတော့ ထူးခြားစွာ ရယူ

ခံစား မသွားနိုင်ပါဘူး။ သွားနေကျလမ်းဖြစ်တဲ့ လူ၊ နတ်ဘ၀ လမ်းကိုပဲ စိုးရိမ်ခြင်း သောက၊ ငိုကြွေးခြင်း ပရိဒေ၀ မီးလျှံတွေ ဆူညံစွာ သွားနေရမှာသာဖြစ်ပါတယ်။

၂-နံပါတ် သရဏဂုံခံယူသူ...
၂-နံပါတ်သရဏဂုဏ်အရ “ယုံကြည်လေးစား ပွားများခံယူမှု”ဆိုတာကတော့ ဘုရားဂုဏ်တော် -၉-ပါး၊ တရားဂုဏ်တော် -၆-ပါး၊ သံဃာ့ဂုဏ်တော် -၉-ပါးရဲ့ ပါဠိအနက်များကို အရကျက် နှုတ်တက်ဆောင်တယ်၊ ရွတ်ဖတ်တယ်၊ အဓိပ္ပါယ်ကို သိအောင်

ဆွေးနွေးမေးမြန်းတယ်။
သည်လောက်တွင် ရပ်မနေပဲ မိမိခံယူဆောက်တည် ကိုးကွယ်ဆည်းကပ်ထားတဲ့ ဘုရား၊ တရား၊ သံဃာ သရဏဂုံ-၃-ပါးမှာ မှန်ကန်စွာ အဟုတ်ရှိနေတဲ့ ဂုဏ်၏ ကြီးမားမြင့်မြတ်ပုံ ကယ်တင်နိုင်ပုံ နည်းနယကို သိထားဖို့နဲ့ ယင်းအကျိုးဖလ၏ တန်ဖိုးကို ရယူခံစားနိုင်ဖို့

ပြုလုပ်ကျင့်ကြံရေးကို အကြိမ်ကြိမ် အဖန်ဖန် စုံစမ်းမေးမြန်း ဆွေးနွေးနာယူတယ်၊ စိစစ် လေ့ကျင့်တယ်၊ သူပြော သူဖြေ သူရေးတာကို ဖတ်တာလောက်ကို ကြားသိယုံတင် မနေဘဲ မှတ်ကျောက်တင် ခံ /မခံ (သန္ဒိဋ္ဌိက) လက်တွေ့ခံစားရခြင်း ဂုဏ် ရှိ /မရှိ ကိုယ်တွေ့ဉာဏ်မြင်သိ ကျေနပ်မှုအထိ ၀ိပဿနာ တရားကို ကျင့်ကြံပွားများ အားထုတ်တယ်။
အဲဒါဟာ “သရဏဂုံကို ယုံကြည်လေးစားပွားများ ခံယူခြင်း” ၂-နံပါတ် လူတန်းစား ဗုဒ္ဓဘာသာအစစ်များရဲ့ မလုပ်မနေရှိတဲ့ ကိစ္စအချို့ပဲ ဖြစ်ပါတယ်။
နောက် လက်မခံဘဲ တော်လှန်ပယ်ရှား စွန့်ပစ်ရမည့် အမှားစွဲများကိုလည်း စွန့်ပယ်ထုတ်ပစ်လိုက်တယ်၊ ပြည့်စုံစွာ ဆောင်ယူထားရမည့် အမှန်တရားများကိုလည်း အပြည့်အစုံ ဆောင်ယူထားတယ်၊ အဲသည်လို အကြိမ်ကြိမ် အခါခါ အဖန်ဖန် အထပ်ထပ် အမှားပယ်

အမှန်ယူ ကိစ္စတို့ကို အပြည့်အစုံ ပြုလုပ်ပြီး သရဏဂုံ -၃-ပါး၏ ဂုဏ်ကျေးဇူးတော်များကို “သန္ဒိဋ္ဌိက” ကိုယ်တိုင်တွေ့သိ ဖြစ်လာတဲ့ အတိုင်း မှတ်ကျောက် တင်ခံသူဖြစ်တော့ ဘုရား၊ တရား၊ သံဃာတော်များအပေါ်မှာ မတုန်မလှုပ် ယုံကြည်လေးစားလာတယ်။

ဘယ်သူဘာပြောပြော ခိုင်မြဲသော ယုံကြည်ချက် မပျက်တော့ပါဘူး။
တကယ် ကိုယ်တိုင် ဘုရားရှေ့မှာ သို့မဟုတ် သံဃာတော်များထံမှာ ခံယူထားတဲ့ ငါးပါးသီလဟာလည်း မြဲလာတယ်။ ဒါထက်ပိုပြီး ရှစ်ပါးသီလ၊ ကိုးပါးသီလ ဥပုသ်သီတင်းများကိုလည်း စတင်ကျင့်သုံးလာတယ်။ မိမိအား မုချကောင်းကျိုး ချမ်းသာကို ပေးနိုင်တဲ့

ရတနာအစစ်ဖြစ်သော သရဏဂုံ -၃-ပါးမှ အခြားတစ်ပါးသော ဗေဒင်၊ နတ်၊ ဘိုးတော်၊ ၀ိဇ္ဇာစတဲ့ ဗုဒ္ဓဘာသာ(သမ္မာဒိဋ္ဌိ)နိဗ္ဗာန်လမ်းနှင့် ဆန့်ကျင်ဘက် လောကကြောင်း သက်သက် တစ်ဖက်သတ် တစ်လမ်းသွား ဆရာကြီးတို့အား ကိုးကွယ်ဆည်းကပ်မှု လုပ်ငန်းများကိုလည်း

အရင်က ရှိခဲ့ရင်တောင် ရပ်စဲ ပယ်စွန့် ထားလိုက်တယ်။
ထို့ကြောင့် ယင်းဆရာကြီးတဲ့စေခိုင်းချက် (ဗေဒင်ကျမ်းလာ) ဥုံ အံ မန္တန် မန္တရားများကိုလည်း မရွတ်ဖတ်တော့၊ ဓာတ်တက်၊ ဓာတ်ဆင်၊ ယတြာခွင်တွေလည်း မချေ၊ မပတော့ဘူး၊ မယုံကြည် မကိုးစားတောပါ့ဘူး။
ဗုဒ္ဓဂုဏ်တော်ဖြစ်တဲ့ “အရဟံ”အစစ်ရဲ့ ရှေ့နောက် ၀ဲယာမှာ ဥုံတွေ၊ သြောင်းတွေ သိဒ္ဓိတွေ စသည်ထည့်သွင်းကာ “ဥုံ အရဟံ သိဒ္ဓိ”စတဲ့ ပိဋကတ်တော် ဖျက်ဆီးမှု မိစ္ဆာသံတွေထည့်ပြီး မရွတ်ဖတ်တော့ဘဲ “အရဟံ”ဂုဏ်တော် သက်သက်ကိုသာ “အရဟံ, အရဟံ,

အရဟံ” (ကိလေသာရန် မြူမျှမကျန် အကုန်ကင်းစင်တော်မူသော မြတ်စွာဘုရား)ဟု သန့်ရှင်း ဖြူစင်စွာ ဗုဒ္ဓါနုဿတိဘာဝနာ (ဘုရားဂုဏ်တော်အစစ်ဖြစ်တဲ့) ကမ္မဋ္ဌာန်း စီးဖြန်း ပွားများ သတိထားနေတော့ပါတယ်။
မိမိစောင့်ထိန်း လုံးခြုံတဲ့ သီလာနုဿတိ (ကိုယ်စောင့်ထိန်းထားတဲ့ သီလဂုဏ်တော်)၊ စာဂါနုဿတိ (ကိုယ်လှူဒါန်းဘူး၊ လှူဒါန်းထားတဲ့ ဒါနဂုဏ်စသည်တို့ကိုသာ အောက်မေ့ သတိရကာ အကြိမ်ကြိမ် ပွားများဝမ်းသာ နေတော့တယ်။ ရတနာမြတ် သုံးပါးမှ တစ်ပါး

အိမ်ပေါ်တင်ဆွဲ ကိုးကွယ်ထားစရာ တခြားဟာတွေကိုမှလည်း မရှာဖွေတော့ပါဘူး။
အဲဒီနည်းတွေနဲ့ အဆင့်ဆင့် တက်ပြီး အထက်ထက် တရားတွေကို ဆက်လက်ကျင့်ဆောင် သွားတော့ကာ ဗုဒ္ဓဘာသာဝင် (သမ္မာဒိဋ္ဌိ) သူတော်စင်တို့ ရသင့် ရထိုက်တဲ့ အနှစ်သာရ အကျိုးဖလ သုခချမ်းသာကျိုးတွေ ခုဘ၀မှာရော နောင်ဘ၀များစွာတို့အတွက်ပါ

ခံစားရမှာဖြစ်ပါတယ်။
ဒီနေရာမှာ အပေါ်မှာ သုန်းနှုန်းပြောခဲ့တဲ့ “ဗုဒ္ဓဘာသာ (သမ္မာဒိဋ္ဌိ)ဆိုတာကတော့... ဗုဒ္ဓဘာသာဝင် အစစ်တို့ ရယူခံစားခွင့် အနှစ်သာရချမ်းသာသုခ အကျိုးမျိုးစုံဆိုတာက သူ့သက်သက် အလိုလိုမိုးပေါ်က ကျလာတာမျိုးလည်း မဟုတ်ဘူး၊

တစ်စုံတစ်ယောက်သော တန်ခိုးရှင်သိဒ္ဓိရှင်က စီမံဖန်ဆင်းပေးလို့ ရတာမျိုးလည်း မဟုတ်ဘူး။ ဗုဒ္ဓဘုရားမြတ်စွာ ညွှန်ကြားစေခိုင်းချက်အတိုင်း....
ပုညံဝ သုခံ ဇနေတိ၊
အပုညံ ဒုက္ခံ ဇနေတိ၊
တသ္မာ ပုညံဝ ကာတဗ္ဗံ၊
အပုညံ န စ ကာတဗ္ဗံ။
ဗုဒ္ဓမြတ်စွာရဲ့ ဆိုလိုချက်က “ကောင်းကံ လုပ်ရင် ကောင်းကျိုးချမ်းသာ သုခအမျိုးမျိုး မုချရမည်၊ မကောင်းကံ လုပ်ရင် မကောင်းကျိုး ဆင်းရဲ့ ဒုက္ခ အမျိုးမျိုးတွေ မုချရမည်၊ ဒါကြောင့် ကောင်းမှုကုသိုလ် “ပုည”ကို လုပ်ပါ၊ မကောင်းမှု အကုသိုလ် “အပုည”ကို မလုပ်နဲ့--ဒါပါပဲ”။
မိမိပြုလုပ်တဲ့ (စေတနာ)ကောင်းကံ၊ မကောင်းကံ၏ အကြောင်းအလိုက် ထိုက်တန် သလောက် ဖြစ်ပေါ်ခံစား ရယူနိုင်မည့် ၀ိပါက်၊ ကောင်းကျိုးပေး၊ မကောင်းကျိုးပေး သဘောပဲလို့ ကိုယ့်အလုပ်ကံကိုသာ စွဲမြဲ ယုံကြည်ထားရမှာ ဖြစ်ပါတယ်။
အဲဒါကို ကမ္မ၀ါဒီ (ကိုယ်လုပ်တဲ့ အလုပ်ကို ယုံကြည်တဲ့ “အလုပ်သမားဝါဒ”)လို့ ခေါ်ပါတယ်၊ ကယ်တင်ရှင် သူတစ်ပါးကို အားမကိုးနဲ့ “အတ္တာဟိ အတ္တနော နာထော” ကိုယ့်ကိုယ်ကို အားကိုး၊ ကောင်းတဲ့ ကုသိုလ်တရားများ ကြိုးစား လုပ်ပါ၊ အဲဒီ လုပ်ရပ်တွေသည်

ဗုဒ္ဓဘာသာ အစစ်တစ်ယောက် ဖြစ်ဖို့ ဘုရားအလိုတော်ကျ ဘုရားဟောဖော် လမ်းညွှန်ချက်များ ဖြစ်ပါတယ်ဆိုတာကို တင်ပြလိုက်ပါတယ်။

ကျမ်းကိုး--
ပါထိက၀ဂ်ပါဠိတော်
ဓမ္မပဒပါဠိတော်
သမ္မာဒဿနပဉှာကျမ်း

Saturday 14 November 2009

လပြည့်လကွယ်


လူအများ ဥပုသ်စောင့်ကြတဲ့အခါ လပြည့်, လကွယ်, ရှစ်ရက် အဲဒီ သုံးရက်ကိုသာ ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်စောင့်ရမည်ဟုယူကာ ကျောင်းကန်ဘုရားသို့ ဥပုသ်စောင့်သွားကြခြင်းသည် မြတ်စွာဘုရားသခင်က ဒီသုံးရက်ကို ဥပုသ်နေ့ဖြစ်သည်၊ ဥပုသ်စောင့်ရမည်ဟု သတ်မှတ် ဟောကြားထားခဲ့ခြင်းလား။

လူအများ ဥပုသ်စောင့်သုံးရန်အတွက် ရက်ကို သတ်မှတ်ပြီး ဘယ်နေ့ ဘယ်ရက်များဟာ ဥပုသ်နေ့ဖြစ်သည်၊ ထိုနေ့ ထိုရက်တို့၌ ဥပုသ်သီတင်း စောင့်သုံးကြရမည်ဟု ဟောကြားတော်မူထားတာ ပိဋကတ်တော်မှာ မပါ၊ မရှိပါဘူး။ ကိုယ်က သီတင်းသီလစောင့်သုံးချင်လို့ ဥပုသ်စောင့်တဲ့နေ့ဟာ ကိုယ့်အတွက် ဥပုသ်နေ့ ဖြစ်တာပါပဲ။ လပြည့်, လကွယ်, ရှစ်ရက် သီတင်းမှသာ ဥပုသ်နေ့ဖြစသည် ဥပုသ်စောင့်ကောင်းသည်ဟု နေ့ရက် သတ်မှတ်ချက်နဲ့ ဘုရား မဟောကြားခဲ့ပါဘူး။
ဒါဖြင့် ဆရာတော်အချို့ လပြည့်, လကွယ်, ရှစ်ရက် သီတင်းဥပုသ်နေ့၌ နတ်မင်းကြီးများက ဥပုသတ်စောင့်သူစာရင်း လိုက်ယူမှတ်သားကြတယ်၊ တစ်လမှာ အဲဒီဥပုသ်နေ့ လေးရက် လေးသီတင်း လောက်တော့ ဥပုသတ်စောင့်ကြရမည်ဟု ဘုရားမြတ် ဟောကြားတော်မူကြောင်းနဲ့ ဟောပြောဆုံးမ ပေးနေကြတာဟာ ပိဋကတ်တော်မှာ မပါတဲ့ တရားစကားတွေပဲလား၊
အဲဒါတော့.. မြတ်စွာဘုရားရှင်က လပြည့်, လကွယ်, ရှစ်ရက်နေ့တို့ဟာ လူများ သီတင်းသီလစောင့်ရမည့် ဥပုသတ်နေ့လို့ ဟောကြားကြောင်း ပိဋကတ်တော်မှာ မပါလို့ မဟုတ်ပါဘူး၊ ပါ ပါတယ်၊ ဒါပေမယ့် အဲဒီ ပါတဲ့ စကားရပ် ပေါ်ထွက်လာရင်း အကြောင်းမှန်ကတော့ ရှေးသရောအခါက နတ်တို့၏ ဘုရင်ဖြစ်သော သိကြားမင်းသည် “စတုမဟာရာဇ်နတ်မင်းကြီးများ ဖြစ်ကြကုန်သော ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရ” ခေါ်သော ဝေဿ၀ဏ် နတ်မင်းကြီး လေးယောက်တို့က လူ့ပြည်သို့ လှည့်လည်၍ ဥပုသ်သီတင်းစောင့်သုံးခြင်းရှိကြကုန်သော သူတော်ကောင်းတို့၏ စာရင်းကို ကောက်ယူ ရေးမှတ်ကြကာ သိကြားအင်းအား တင်ဆက်လျှောက်ထားကြတာကို” ခံယူလျက် သိကြားမင်းက တဆင့် တာဝတိံသာနတ်တို့အား ဟောကြားပုံက..

“အို.. နတ်အပေါင်းတို့ လူ့ရွာလောက၌ လူအများသည် စာတုဒ္ဒသီ= တစ်ဆယ့်လေးရက် (ရက်မစုံ) ဥပုသ်နေ့၊ ပန္နရသီ= တစ်ဆယ့်ငါးရက် လပြည့်, လကွယ်၊ အဋ္ဌမီ=ရှစ်ရက်သီတင်းနဲ့ ပါဋိဟာရိယခေါ်သော လူတို့ စောင့်သုံးလိုသည့်နေ့တို့၌ ဥပုသ်သီတင်းစောင့်သုံးခြင်း ပြုကြကုန်၏”ဟု သိကြားမင်းက နတ်တို့အား ပြောကြားတဲ့ အကြောင်း စကားရပ်ကို မြတ်စွာဘုရားက တဆင့်အားဖြင့် လူတို့အား ဟောကြားထားခြင်းသာ ဖြစ်ပါတယ်။
အဲဒါကတော့ ပိဋကတ်တော်မှာပါတဲ့ ဘုရားဟော စကားတော်ပါ။ အဒီ စကားရပ်တွေထဲမှာ ဆန်းစစ်ကြည့်လိုက်ရင် ဥပုသ်နေ့ရက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားသခင်က လပြည့်, လကွယ်, ရှစ်ရက်နေ့တို့ဟာ ဥပုသ်နေ့ ဖြစ်တယ်၊ ဥပုသ်သီတင်းစောင့်ကြရမယ်၊ အဲဒီနေ့ရက်များမှာ စောင့်တဲ့သူမှာသာ ဥပုသ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ဟောကြားချက် စကားတစ်ခွန်း၊ တစ်ပါဒမှာ မပါပါဘူး၊ ကိုယ်စောင့်သုံးနိုင်သလောက် ကောင်းကျိုး ချမ်းသာရမှာချည်းပဲ ဖြစ်ပါတယ်။ စောင့်ချင်တဲ့ နေ့မှာ ဥပုသတ်သီတင်း စောင့်နိုင်ပါတယ်။
အမှန်ကတော့ အခုဖော်ပြခဲ့တဲ့ ဥပုသ်နေ့ အမည်အမျိုးမျိုးတွေဟာ ရှေးရှေး ပေါရာဏ သူဟောင်း လူဟောင်း သူတော်ကောင်းတို့က သူတို့စောင့်သုံးလို့တဲ့ နေ့မှာ ဥပုသ်သီတင်းစောင့်သုံးကြပြီးတော့ စတုဒ္ဒသီ (၁၄-ရက်ဥပုသ်နေ့)၊ ပန္နရသီ (၁၅-ရက် ဥပုသ်နေ့)၊ အဋ္ဌမီ (၈-ရက် ဥပုသ်နေ့)၊ ပါဋိဟာရိယ (စောင့်သုံးလိုသည့်နေ့၌ ဥပုသ်စောင့်ခြင်း) ဟူ၍ ဥပုသ်နေ့တွေကိ သူတို့ သတ်မှတ်ခေါ်ဝေါ်ခဲ့ကြတဲ့ ဥပုသ်နေ့ အမည်အမျိုးမျိုးတွေကို အစွဲပြုကာ မြတ်စွာဘုရားကတဆင့် ဟောကြားထုတ်ဖော်ခြင်းမျှသာ ဖြစ်တယ်လို့ မှတ်ကြရမှာပါ။ ဤနေ့ ဤရက်များမှသာ စောင့်သုံးရမည်၊ အခြားနေ့များ၌ ဥပုသ်သီတင်း မစောင့်ရဟု မြတ်စွာဘုရားက နေ့ရက်ကို မသတ်မှတ် မဟောကြား မဆုံးမခဲ့ဘူးဆိုတာကကို မှတ်သားရမှာပါ။
အထက်ပါစကားရပ်များနှင့် ပတ်သက်၍ ဘုရားဟောဖော် သာဓကများကတော့...
သုတ္တန္တပိဋက၊ သုတ်မဟာဝါပါဠိတော်၊ မဟာသုဒဿနသုတ်အဖွင့် ဋီကာဆရာတော်ဖွင့်ပြထားတာကို တင်ပြပါမယ်..
ဥပေါသထံ ၀ုစ္စတိ အဋ္ဌင်္ဂသမန္နာဂတံ၊
သဗ္ဗဒိဝသေသု ဂဟဋ္ဌေဟိ ရက္ခိတဗ္ဗသီလံ။
“ဥပုသ်ဆိုတာ ဘယ်နေ့မှာ မဆို ကိုယ်စောင့်လိုသော နေ့တို့၌ လူတို့သည် စောင့်သုံးဆောက်တည်နိုင်သော အင်္ဂါ ရှစ်ပါးနဲ့ ပြည့်စုံတဲ့ သီလကို ဆို၏”ဟု မိန့်ဆို ဆုံးဖြတ်တော်မူထားပါတယ်။ အဲဒါဟာ ကျမ်းဂန်စကားပါပဲ။

ဒီပါဠိစကားရပ်ထဲမှာ အဋ္ဌင်္ဂ (၈)ပါးသီလလို့ပဲ ဆိုထားတယ်။ တကယ်လို့ န၀င်္ဂ (၉- ပါးသီလ)၊ ဒသင်္ဂ ( ၁၀-ပါးသီလ)တို့ကို လူပုဂ္ဂိုလ်တွေ မစောင့်သုံးကောင်းဘူးလားဆိုတော့၊ မဟုတ်ပါဘူး၊ စောင့်သုံးကောင်းပါတယ်။ ကုသိုလ်ဆိုတာ များလေး ကောင်းလေပါပဲ။ ၉-ပါးသီလ၊ ၁၀-ပါးသီလတင်မကပါပဲ တတ်နိုင်ရင် (၂၂၇) သွယ်သော ရဟန်းတော်တွေ စောင့်ထိန်းတဲ့ သီလတွေကိုလည်း စောင့်သုံးနိုင်ပါတယ်။

ကျမ်းကိုး-- သုတ်မဟာဝါ
သုတေသန သမ္မာမဂ္ဂင်္ဂ ပဉှာကျမ်း

ဒေါသနည်းအောင်



• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။

ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။


• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။

မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကိုဘယ်တော့မှ မပြောပါနဲ့။



စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။စိတ်



ပင်ပန်းမယ်။ကိုယ်လုပ်မဲ့အလုပ်မျိုးကိုလုပ်နေတဲ့သူ၊အတွေ့အကြုံများတဲ့သူမှာကိုယ့်အခက်အခဲကိုနာလည်မယ်။



ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကိုသေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။



အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ



စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။



စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျလုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေးတယ်။

Friday 28 August 2009

အပါယ်ပိတ်ကြပါစို့ 

အပါယ်ပိတ် တရား

အပါယ်သို့ ကျရောက်ပုံ

အပါယ်သို့ကျရောက်ပုံကို အခြေခံဗုဒ္ဓသာသနာဝင် အားလုံးသိပြီးသားဖြစ်သည်။ ဤနေရာတွင် ကုသိုလ်၊ အကုသိုလ်များကို နားလည်ရန်လိုအပ်သည်။ ယနေ့လူသားအားလုံး နေ့စဉ်သွားလာ လှုပ်ရှားနေသည့်အခါ ကုသိုလ်လုပ်လျှင်လုပ်သည်။ ကုသိုလ် မဖြစ်သည့်အချိန်မှာ အကုသိုလ် ဖြစ်ပါသည်။ ကုသိုလ်မလုပ်နိုင်သောပုဂ္ဂိုလ်သည် အကုသိုလ်လုပ်မှာ သေချာလှပါသည်။ ကုသိုလ် အကုသိုလ်မဖြစ်လျှင် "ဘ၀င်စိတ်" ဖြစ်မည်။ ၄င်းမှာ အိပ်ပျော်နေချိန် ဖြစ်သောစိတ် ဖြစ်သည်။

ထိုကဲ့သို့ပင် ဒုစရိုက်၊ သုစရိုက်ကိုလည်း အားလုံးနားလည်ထားသင့်သည်။ ဒုဆိုသည်မှာ မကောင်းသော၊ အပြစ်နှင့်တစ်ကွဖြစ်သော၊ အပါယ်(၄)ပါးကို ကျရောက်နိုင်သော လို့အဓိပ္ပါယ်ရပါသည်။ စရိုက်ဆိုသည်မှာ အကျင့်ဖြစ်သည်။ ဒုစရိုက်ဆိုသည်မှာ မကောင်းသော၊ အပါယ်(၄)ပါးသို့ ကျရောက်နိုင်သော၊ အပြစ်ကိုဖြစ်စေသော အကျင့်ဖြစ်သည်။ သုစရိုက်မှာ ဒုစရိုက်၏ဆန့်ကျင်ဘက်ဖြစ်သည်။ ကောင်းမြတ်သောအကျင့်ဖြစ်သည်။ ဒုစရိုက်ဆယ်ပါး ရှိရာ အုပ်စုအနေနှင့် (၃)အုပ်စုရှိသည်။ ကာယဒုစရိုက်(၃)ပါး၊ ၀စီဒုစရိုက်(၄)ပါး၊ မနော ဒုစရိုက်(၃)ပါးဖြစ်ပြီး ပထမအုပ်စုကာယဒုစရိုက်မှာ သတ်ခြင်း၊ ခိုးခြင်း၊ ဖောက်ပြန်ခြင်း။ ဒုတိယအုပ်စု ၀စီဒုစရိုက်မှာ လိမ်ခြင်း၊ ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစကားပြောခြင်း၊ အချည်းနှီးသိမ်ဖျင်းသော စကားပြောခြင်း ဖြစ်ပြီး၊ တတိယ အုပ်စု မနောဒုစရိုက်မှာ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဠိ တို့ဖြစ်သည်။

အဘိဇ္ဈာ မှာ သူတစ်ပါးပစ္စည်းကို မတရားလိုချင်ခြင်း၊ ဗျာပါဒမှာ သူတစ်ပါးကို နှိပ်စက်ညှင်းဆဲ သတ်ဖြတ်လိုခြင်း၊ မိစ္ဆာဒဠိမှာ အယူမှား၊အမှတ်မှားခြင်းတို့ ဖြစ်သည်။ မနောဒုစရိုက်သုံးမျိုးတွင် အဆိုးဆုံးသည် မိစ္ဆာဒိဠိဖြစ်သည်။ မိစ္ဆာဒိဠိကြောင့်သာလျှင် အပေါ်က ဒုစရိုက်ကိုးမျိုးကို ကျူးလွန်ခြင်းဖြစ်သည်။
မိစ္ဆာဒိဠိ ကြောက်စရာကောင်းပုံကို ဘုရားရှင် ဆုံးမတော်မူသည်မှာ "ဦးခေါင်းမီးလောင်၊ ရင်ဝလှံစူးလျှင် ခဏထား၍ရသည်။ မိစ္ဆာဒိဌိကို အရင်ဆုံးပယ် သတ်နိုင်အောင် ကျင့်ကြံကြပါရန်" တိုက်တွန်းတော်မူသည်။ "ဦးခေါင်းမီးလောင်၊ ရင်ဝလှံစူးလျှင် တစ်ဘ၀ပဲသေပြီး မိစ္ဆာဒိဌိနှင့်ဆိုလျှင် တစ်သံသရာလုံး အိုလို့မဆုံး သေလို့ မဆုံး ဖြစ်နေမည်" လို့ ဆုံးမတော်မူခဲ့သည်။

ဒုစရိုက်မှာ အခြေခံအားဖြင့် ဆယ်ပါးဖြစ်ပြီး ပွားလိုက်လျှင် လေးဆယ်ရသည်။ အုပ်စုအားဖြင့် (၄)အုပ်စု ဖြစ်သည်။ ပထမအုပ်စုက ဆယ်ပါးလုံးကိုယ် တိုင်ကျူးလွန်ခြင်း။ ဒုတိယအုပ်စုက တစ်ပါးသောပုဂ္ဂိုလ်ကို စေခိုင်းခြင်းဖြင့် ကျူးလွန်ခြင်း၊ တတိယအုပ်စုက တစ်ပါးသောပုဂ္ဂိုလ်ကိုသွယ်ဝိုက် သောနည်းဖြင့် ကျူးလွန်ရန်အားပေးခြင်း၊ စတုတ္ထအုပ်စုမှာ တစ်ပါးသူက ကျူးလွန်နေချိန်မှာ စိတ်ထဲမှဝမ်း မြောက်ခြင်းဖြစ်သည်။ ဒုစရိုက် လေးဆယ်ရှိသလို၊ ပြောင်းပြန်ပြန်၍ သုစရိုက်ဆယ်ပါးပွားလျှင်လည်း အပွားလေးဆယ် ရပါသည်။ ဒုစရိုက်ဆယ်ပါး၊ အပွားလေးဆယ်ကို ကျူးလွန်သော ပုဂ္ဂိုလ်များအားလုံး အပါယ်ကျမှာ ဖြစ်ပါသည်။

အပါယ်(၄)ပါးတွင် ပြိတ္တာ၊ ငရဲ၊ တိရစ္ဆာန်၊ အသူရကာယ်သည် အကျိုးတရားလေးပါးဖြစ်ပြီး အကြောင်းတရားလည်း လေးပါးရှိပါသည်။ လောဘကြောင့် ပြိတ္တာဖြစ်သည်။ ဒေါသကြောင့် ငရဲရောက်သည်။ မောဟ ကြောင့် တိရစ္ဆာန်ဖြစ်ပြီး၊ မာနကြောင့် အသူရကာယ်ဖြစ်သည်။ ထိုအကြောင်းတရားတွေ လုပ်နေသမျှကာလပတ်လုံး အပါယ်ဘေးက လွတ်မည်မဟုတ်။ ထိုအကြောင်းတရားများကို ပတ်သက်ဖို့ ဒါန၊ သီလ၊ သမထလောက်နှင့်မဖြစ်နိုင်ပေ။ ထိုသုံးမျိုးကို လုပ်နေသမျှ ကံအကျိုးပေးကိုရပြီး ကံလမ်းသာလျှင် ဖြစ်သည်။ဝိပဿနာ ဘာဝနာကတော့ ဉာဏ်လမ်းဖြစ်ပြီး လုပ်သလောက် တက်ပါ သည်။ ယနေ့ ဗုဒ္ဓဘာသာဝင် အများစုသည် ဒါန၊ သီလ၊ သမထ ဘာဝနာကို လုပ်ကြပါသည်။

သို့သော် ၀ိပဿနာ ဘာဝနာမှာ အလှမ်းဝေးနေတာကို တွေ့ရပါသောကြောင့် ယနေ့ ၀ိပဿနာကို အလေးအနက်ဟောခြင်းဖြစ်ပါသည်။ မြေကြီးကနေ တာဝတိံသာအထိ ပုံပြီး လှူ၊ သီလကို ကြိုက်သလောက် ထိန်း၊ သမထကိုလည်း မြေလျှိုး၊ မိုးပျံ ကြိုက်သလောက်ကျင့်၊ ဒါတွေလုပ်လို့ အပါယ်က လွတ်ပါတယ်လို့ ပြောလျှင် မှားပါသည်။

သူ့အကျိုးပေးရှိသလောက် အကျိုးပေးရနိုင်ပေမယ့် အပါယ်လွတ်ရန်မသေချာပါ။ ဒါန၊ သီလ၊ သမထ သုံးမျိုးမှာ ဘုရားမပွင့်သည့် သာသနာပမှာ လည်းရှိသည်။ ဘာသာခြားများလည်း လုပ်နိုင်ပါသည်။ မလုပ်နိုင်သောအကျင့်မှာ ၀ိပဿနာပင်ဖြစ်သည်။ ဒါန၊ သီလ၊ သမထမှာ အခြေခံမျှသာဖြစ်ပြီး အတန်းအနေနှင့်ပြောလျှင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းမျှသာဖြစ်သည်။ တက္ကသိုလ်မရောက်ပေ။ ဘွဲ့ယူနိုင်ဖို့အလှမ်းဝေးပါသည်။ထိုသုံးမျိုး အခြေခံပြီး ၀ိပဿနာကို လုပ်မှသာ အပါယ်လွတ်မည်ဖြစ်သည်။ ကံအကျိုးပေးရှိသလောက် လူ၊ နတ်၊ ဗြဟ္မာချမ်းသာကို ရရှိမှာဖြစ်ပြီး၊ ကုန်ပြီဆိုသည် နှင့်ပြန်ဆင်းပြီး အပါယ်ရောက်မှာဖြစ်သည်။ တကယ်တမ်း မှာ အပါယ်တံခါးမပိတ်ပါ။ဝိပဿနာ ဘာဝနာကို ပွားများပါက အကျိုးပေးပြန်မကျဘဲ လုပ်လေတက်လေဖြစ်ပြီး အပေါ်သို့သာ တိုးတက်နေပါသည်။ ဥပမာ..ဒါန၊ သီလ၊ သမထသည် ပိုက်ဆံချမ်းသာခြင်းနှင့်တူသည်။ ပိုက်ဆံကုန်လျှင်ဆင်းရဲသားပြန် ဖြစ်သလို ဒါန၊ သီလ၊ သမထ အကျိုးပေးကုန်လျှင်လည်း အပါယ်ပြန်ဆင်းသည်။ ၀ိပဿနာဘာဝနာမှာ သင်ကြားတတ်မြောက်ထားသည့် ပညာနှင့်တူသည်။ ဘယ်လောက်သုံးသုံး မကုန်နိုင်ပေ။

ထို့ကြောင့်လည်း ၀ိပဿနာမလုပ်သေးလျှင် အပါယ်သို့ ကျရောက်နိုင်သေးကြောင်း ထင်ရှားလွန်းလှသဖြင့် သတ္တ၀ါအားလုံးတို့အား ၀ိပဿနာ ဘာဝနာ အကျင့်ကို အမြန်ဆုံး ကျင့်ကြရန် တိုက်တွန်းခြင်းဖြစ်ပါသည်။


ဓမ္မစကြာသုတ္တန်တရား

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်”ဟူ၍ ဆိုရိုးစကားရှိသည့်အတိုင်း ၀ါဆိုလပြည့်နေ့သည် ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင် ဘုရားဖြစ်မည့် ယခုနောက်ဆုံး ဘ၀တွင် ပဋိသန္ဓေယူသောနေ့၊ တောထွက်တော်မူသောနေ့နှင့် ဓမ္မစကြာတရားဦးဟောသောနေ့ ဟူသည့် နေ့ထူးနေ့မြတ်သုံးခု တိုက်ဆိုင်သောနေ့ပင်ဖြစ်သည်။

ဂေါတမဗုဒ္ဓ အလောင်းတော်သည် မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့်နေ့ညတွင် ကပိလ၀တ် ဘုရင် သုဒ္ဓေါဓန၏ မိဖုရားခေါင်ကြီး မဟာမာယာဒေ၀ီ၏ ၀မ်းကြာ တိုက်တွင် ပဋိသန္ဓေနေတော်မူသည်။

သန္ဓေယူ၍ ၁၀ လအကြာ၊ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ကပိလ၀တ်နှင့် ကောလိယနှစ်ပြည်အကြား ယခုနီပေါနိုင်ငံအတွင်းရှိ လုမ္ဗိနီ အမည်ရှိ အင်ကြင်းတောတွင် ဖွားမြင်တော်မူသည်။

အသက် ၂၉ နှစ်အရွယ်အထိ နန်းစည်းစိမ်ကို သူမတူအောင် ခံစားခဲ့ပြီးနောက် မဟာသက္ကရာဇ် ၉၇ ၀ါဆိုလပြည့် တနင်္လာနေ့တွင် မင်းစည်းစိမ်ကို စွန့်လွှတ်၍ တောထွက်တော်မူသည်။ ဟိမ၀န္တာတောင်ခြေရှိ ဥရုဝေလတောတွင် အစာရေစာဖြတ်တောက်ကာ ဒုက္ကရစရိယာ (ကျင့်နိုင်ခဲသောအကျင့်) ကို ခြောက်နှစ်တိုင် ပင်ပန်းဆင်းရဲစွာကျင့်တော်မူသည်။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဇ္ဈိမဒေသ ဗုဒ္ဓဂယာရှိ ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်တော် မူသည်။ ဘုရားဖြစ်ပြီးနောက် ၄၉ ရက်တိုင်တိုင် သတ္တသတ္တာဟ (တစ်နေရာတွင် ခုနစ်ရက်စီနှင့် ခုနစ်နေရာ) စံတော်မူ၍ တရားကျင့်ဖော်ကျင့်ဖက် ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား ကျေးဇူးဆပ်သည့်အနေဖြင့် တရားဦးဟောရန် ဗာရာဏသီမြို့အနီးရှိ မိဂဒါဝုန်တောသို့ ကြွတော်မူသည်။

ထိုနှစ် ၀ါဆိုလပြည့် စနေနေ့တွင် “သမင်တို့ကိုဘေးမဲ့ပေးရာတော”ဟု အဓိပ္ပာယ်ရသည့် မိဂဒါဝုန်၌ ပဉ္စ၀ဂ္ဂီငါးပါးတို့အား ဓမ္မစကြာတရားဦး ဟောတော်မူသည်။

ဤသို့ ပဉ္စ၀ဂ္ဂီတို့အား ဓမ္မစကြာ တရားဦးဟောသည်ကို အစွဲပြု၍ ၀ါဆိုလပြည့်နေ့ကို “ဓမ္မစကြာအခါတော်နေ့” ဟူ၍လည်း ခေါ်ကြသည်။ “ဓမ္မစကြာ”၏ အဓိပ္ပာယ်မှာ “ဓမ္မ=တရား၊ စကြာ=အ၀န်းအ၀ိုင်း၊ ဘီး” ဟူ၍ဖြစ်ပြီး မြတ်စွာဘုရားရှင်၏ ၄၅ ၀ါပတ်လုံး ဟောကြားတော်မူခဲ့သည့် တရားတော်များအနက် ပထမဆုံးဖြစ်သည့် ထိုတရားသည် ရပ်နေသောတရားဘီးလုံးကြီးကို စတင်လှည့်လိုက်သည်နှင့် တူသောကြောင့် “ဓမ္မစကြာ” ဟူ၍ အမည်ရခြင်းဖြစ်သည်။

ဓမ္မစကြာတရားတော် အနှစ်ချုပ်

မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားတော်ကို လွယ်ကူရှင်းလင်းသောစကားပြေဖြင့် ပြန်လည်ဖော်ပြရသော် …

လောကတွင် အစွန်းနှစ်ပါးရှိ၏။ ယင်းတို့မှာ ကာမဂုဏ်စည်းစိမ်ကို လိုက်စားခံစားခြင်းဆိုသည့် အစွန်းတစ်ပါးနှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းအောင် ညှင်းဆဲခြင်းဆိုသည့် အစွန်းတစ်ပါးတို့ဖြစ်သည်။ ယင်း အစွန်းနှစ်ပါးစလုံးသည် သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြောင်းတရားမဟုတ်၊ အရိယာ သူတော်စင်တို့၏ အကျင့်တရားမဟုတ်၊ ချမ်းသာကိုဆောင်ယူပေးနိုင်သောတရားမဟုတ်။

မြတ်စွာဘုရားသည် ထိုအစွန်းနှစ်ပါးစလုံးကို ရှောင်တော်မူ၍ အလယ်အလတ်ဖြစ်သော (မဇ္ဈိမပဋိပဋာ) လမ်းစဉ်ကို ထူးသောဉာဏ်ဖြင့် ထိုးထွင်း၍ သိခဲ့ပြီ။ ထိုအကျင့်သည်သာလျှင် ကိလေသာငြိမ်းရန်၊ သစ္စာလေးပါးကိုထိုးထွင်းသိမြင်ရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်ဖြစ်သည်။

ထို အလယ်အလတ်ဖြစ်သော မြတ်သောအကျင့်သည် အဘယ်နည်း။ ယင်းတို့မှာ သမ္မာဝါစာ (မှန်သောစကား)၊ သမ္မာကမ္မန္တ (မှန်သောအလုပ်)၊ သမ္မာ အာဇီဝ (မှန်သောအသက်မွေးမှု)၊ သမ္မာသတိ (မှန်သော အောက်မေ့အမှတ်ရမှု)၊ သမ္မာဝီရိယ (မှန်သောအားထုတ်မှု)၊ သမ္မာသမာဓိ (မှန်သော တည်ကြည်မှု)၊ သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု)နှင့် သမ္မာဒိဋ္ဌိ (မှန်သောအမြင်)ဆိုသည့် မဂ္ဂင်ရှစ်ပါးတို့ပင်တည်း။

မြတ်စွာဘုရားသည် အစွန်းနှစ်ပါးကိုလည်းကောင်း၊ အစွန်းနှစ်ပါးမှလွတ်ရာ အလတ်အလတ်လမ်းကိုလည်းကောင်း ပြဆိုပြီးနောက် အရိယာ သစ္စာလေးပါးကို ဆက်လက်ဟောကြားတော်မူပါသည်။

သစ္စာလေးပါး

ပထမသစ္စာမှာ “ဒုက္ခသစ္စာ” ဆိုသည့် ဆင်းရဲခြင်းအမှန်တရားဖြစ်သည်။ ဆင်းရဲခြင်းဆိုသည်မှာ အဘယ်နည်းဟု ဆိုလိုသည်။ မြတ်စွာဘုရားက ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏။ အိုရခြင်းသည် ဆင်းရဲ၏။ နာရခြင်းသည် ဆင်းရဲ၏။ သေရခြင်းသည် ဆင်းရဲ၏။ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း သည်ဆင်းရဲ၏။ မချစ်သောသူတို့နှင့် အတူနေရခြင်းသည် ဆင်းရဲ၏။ လိုချင်တာကိုမရခြင်းသည် ဆင်းရဲ၏။ အနှစ်ချုပ်အားဖြင့် ဤဘ၀ခန္ဓာသည် ပင်လျှင် ဆင်းရဲဒုက္ခဖြစ်၏ဟု ဟောတော်မူသည်။

ယင်းနောက် ဒုတိယသစ္စာဖြစ်သည့် “သမုဒယသစ္စာ”ခေါ် ဆင်းရဲခြင်းဖြစ်ကြောင်းအမှန်တရားကို ဟောကြားသည်။ ဘာကြောင့် ဆင်းရဲခြင်းဆိုသည့် ခန္ဓာငါးပါးတို့ကိုရသနည်း၊ ဆင်းရဲခြင်း၏ အကြောင်းရင်းမှာအဘယ်နည်းဟု ဆိုလိုသည်။ ဆင်းရဲခြင်း၏အကြောင်းရင်းမှာ “တဏှာ”ဆိုသည့် စွဲလမ်းတပ်မက်မှုဖြစ်၏။ ထိုတဏှာသည် ဘ၀အသစ်ကို ပြန်လည်ဖြစ်စေတတ်၏။ ထိုတဏှာသည် ထိုထို အာရုံတို့အပေါ် ပြင်းစွာ စွဲလမ်းစေ၏ဟု ဟောတော်မူသည်။

တတိယမြောက် သစ္စာဖြစ်သော “နိရောဓသစ္စာ” ခေါ် ဆင်းရဲခြင်းတို့ချုပ်ငြိမ်းရာကို ပြဆိုရာ၌ ဆင်းရဲခြင်း၏ချုပ်ငြိမ်းခြင်းသည် ဆင်းရဲခြင်းကို ဖြစ်စေတတ်သော ထို တဏှာမှလွတ်မြောက်ခြင်း (နိဗ္ဗာန်) ပင်ဖြစ်၏ဟု ဟောတော်မူသည်။

စတုတ္ထသစ္စာမှာ “မဂ္ဂသစ္စာ” ခေါ် နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်း အမှန်တရားဖြစ်၏။ ဆင်းရခြင်းမှလွတ်မြောက်ခြင်းဖြစ်သော ထို နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မည်သည့်အကျင့်ကို ကျင့်ရမည်နည်း။ ယင်းအကျင့်ကောင်းကား (အထက်ကပြဆိုခဲ့သည့်) သမ္မာဝါစာ အစရှိသည့် အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်ကျင့်စဉ်ပင်ဖြစ်၏ဟု ဆိုတော်မူသည်။

ထို ဆိုခဲ့ပြီးသော ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ)၊ ဆင်းရဲခြင်း၏အကြောင်းရင်း (သမုဒယသစ္စာ)၊ ဆင်းရဲခြင်းမှ လွတ်ငြိမ်းခြင်း (နိရောဓ သစ္စာ) ၊ ဆင်းရဲခြင်းမှလွတ်ငြိမ်းခြင်း၏လမ်းစဉ် (မဂ္ဂသစ္စာ) တို့ကို ရှေးယခင်က မသိခဲ့ကြောင်း၊ ယခု မြတ်စွာဘုရားသည် ထိုတရားတို့ကို ပညာမျက်စိ ဖြင့်သိပြီ။ အသိဉာဏ်ဖြင့် သိပြီ။ အထူးသိသောပညာဖြင့်သိပြီ။ ထိုးထွင်းသိတတ်ပြီ။ ဉာဏ်၌ အလင်းရောင်သည် ထင်ရှားဖြစ်ပေါ်ခဲ့ပြီဟု ဥဒါန်းကျူးရင့်တော် မူပါသည်။

မြတ်စွာဘုရားက ဆက်လက်၍ ဆိုခဲ့ပြီးသော၊ အရိယာတို့သာထိုးထွင်းသိအပ်သော အမှန်တရား (သစ္စာလေးပါး)တို့ကို ယခင် သူ မသိခဲ့စဉ် ကာလတလျှောက်လုံး ထိုတရားတို့ကိုသိခဲ့ပြီဟု မ၀န်ခံခဲ့ဖူးကြောင်း၊

ယခု ထိုတရားလေးပါးတို့ကို သိပြီးသည့်အခါမှသာ သိပြီးပြီဟု ၀န်ခံကြောင်း၊ မြတ်စွာဘုရားက သူ၏ ကိလေသာမှလွတ်မြောက်ခြင်းသည် မပျက်စီး နိုင်တော့ကြောင်း၊ ယခုဘ၀သည် အဆုံးစွန်သောဘ၀ (နောက်ဆုံးဘ၀)ဖြစ်ကြောင်း၊ နောက်ထပ်ဘ၀သစ်တစ်ဖန် ထပ်မံနေစရာမရှိတော့ပြီဟု သုံးသပ်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်ကြောင်းဆိုရင်း ဓမ္မစကြာတရားကို အဆုံးသတ်တော်မူလေသည်။

ထိုသို့ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရသည့် ပဉ္စ၀ဂ္ဂီတို့သည် တရားတော်ကို ၀မ်းမြောက်ဝမ်းသာခံယူကြ၏။ ပဉ္စ၀ဂ္ဂီတို့အနက် အသက်အကြီးဆုံးဖြစ်သော အရှင်ကောဏ္ဍညသည် သောတာပတ္တိမဂ်ဉာဏ်ကိုရသူ (သောတာပန်ပုဂ္ဂိုလ်) ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာ၏။

ထိုအခါ မြတ်စွာဘုရားသည် “ကောဏ္ဍညသည် တရားကိုသိပြီ”ဟု ကျူးရင့်တော်မူလေသည်။

အရှင်ကောဏ္ဍညသည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကိုရလိုကြောင်းလျှောက်၏။ မြတ်စွာဘုရားသည် “ရဟန်း လာလော့။ ငါ့သာသနာ၌ ၀ဋ်ဆင်းရဲကိုအဆုံးသတ်စေရန် မြတ်သောအကျင့်ကိုကျင့်လော့” ဟု ခေါ်တော်မူ၏။ အရှင်ကောဏ္ဍညသည် ရဟန်းအဖြစ်ကို ရလေသည်။ အရှင် ကောဏ္ဍညသည် မြတ်စွာဘုရား၏ သာသနာ၌ ပထမဦးဆုံး တရားကိုထိုးထွင်းသိသူ၊ ပထမဆုံးရဟန်းအဖြစ်ကိုရသူ ဖြစ်လာခဲ့သည်။

တရား VCD










တရား VCD များကိုရှာဖွေရန်
http://www.youtube.com/results?search_query=myanmar+tayar&search_type=&aq=f



































Thursday 27 August 2009

အမြတ်ဆုံး

အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏

ဤဆိုက်လေးများဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။


http://dhammaanalysis.multiply.com/ ထေရ၀ါဒတို့ တိုင်းပြည်


http://www.youtube.com/watch?v=xMiy24SAI-A&feature=related&pos=9
ရှင်ဇ၀န တခဏတာ သရဏဂုံ

http://www.youtube.com/watch?v=amUE2FTobQM&feature=related&pos=3 ရှင်ဆေကိန္ဒ

http://www.youtube.com/watch?v=t1xyA4fv5po&feature=related&pos=0
လူမိုက်တို့သွားရာလမ်း

http://www.youtube.com/watch?v=IYAynaV_yWs&feature=related&pos=5 ရှင်ဥာဏိဿရမေတ္တာ
http://www.youtube.com/watch?v=g9lZokbHf-w&feature=related&pos=9 မင်္ဂလသုတ်

http://www.youtube.com/watch?v=AU5W6Jux7hE&feature=related&pos=17
ရွှေလင်းယုန်မေတ္တာသုတ်
http://www.youtube.com/watch?v=sZ2k-HnKjWs&feature=related&pos=13 ပရိတ်အင်္ဂါ
http://www.youtube.com/watch?v=kcVwWlFcTJY&NR=1 ရွှေလင်းယုန် နှင့်
မေတ္တာ သုတ်တော်များ
http://www.youtube.com/watch?v=dciB_Am6B2s&NR=1 မေတ္တာသုတ် အတ္ထုပ္ပတ္တိ တရားတော်

http://www.peterzawlinn.f2s.com/Payate/UVicitta/UVicittaParittas.htm
ဦးဝိစိတ္တသာရ websites ပရိတ်ကြီး ၁၁ သုတ်အပါအ၀င် အသံတော်+စာသား

http://www.peterzawlinn.f2s.com/Payate/UUttamasara/UUttamasaraParittas.htm
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး အသံတော်+စာသား

http://www.mogokinsightny.org/ မိုးကုတ်ဆရာတော်ကြီး မူရင်း
နယူးယောက်Website အရှေ့အရပ်ရှိသောအနန္တသတ္တ၀ါတို့... မေတ္တာပို့ auto ပွင့်

http://www.mogokinsightny.org/circle_myanmar/ မိုးကုတ်ဆရာတော်ကြီး
မူရင်း Website မှ ပစ္စသမုပ္ပဒ်လည်ပုံတရားAuto ပွင့်သည်

http://naynaynaing.blogspot.com/2008/05/blog-post.html ပရိတ်ကြီး ၁၁
သုတ် Mp3 တစ်သုတ်ချင်း

http://www.shweamyutay.com/site/index.php အောက်ပိုင်းတွင်တရားများရှိပါသည်

http://www.burmaborn.com/2009/01/blog-post.html
ရှင်ဥာဏိဿရဓမ္မစင်္ကြာအသံတော်တွဲလျှက်website နှင့်
အခြားဆရာတော်ကြီးများတရားအစုံပါပြီ

http://dhammahaewon.page.tl/

http://www.dhammaonline.org/Chanting.php ပရိတ်ကြီး ၁၁ သုတ်
ပဌာန်းပါလိတော် များစာအုပ် Free download

http://sharingtofrds.blogspot.com/2007/06/blog-post_2835.html
ဓမ္မ+အိုင်တီ Free Download and Special For ရွှေလင်းယုန်

http://wikimyanmar.co.cc/wiki/index.php/%E1%80%95%E1%80%9B%E1%80%AD%E1%80%90%E1%80%B9%E1%81%BE%E1%80%80%E1%80%AE%E1%80%B8_%E1%81%81%E1%81%81_%E1%80%9E%E1%80%AF%E1%80%90%E1%80%B9
မြန်မာWikipediaပရိတ်ကြီး

http://video.google.com/videoplay?docid=7215802796121086188
ရွှေလင်းယုန်ပရိတ်ကြီး စ-ဆုံး

http://video.yahoo.com/watch/615209/2927119 Part2 ပရိတ်ကြီး

http://www.yamc.info/index.php


http://solomonn.0fees.net/wordpress/?page_id=12 ဓမ္မဗဟုသုတ

http://uk.geocities.com/kabarmakyay/index.htm ပရိတ်ကြီး ၁၁ သုတ် ၏
စာသား ပါဌိ စ-ဆုံး

http://www.mediafire.com/?ivigvxcydic မင်းကွန်းဦးဝိစိတ္တ ပရတ်ကြီး ၁၁
သုတ် MP3 Download

http://www.sitagu.org/home/ (သီတဂူဆရာတော်)
http://www.dhammaceti.org/home.htm (ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ)
http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ -၁)
http://mettashin.dhammathukha.com/index.php?option=com_content&view=frontpage
(အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ -၂)
http://theinngu.org/ (သဲအင်းဂူဆရာတော်)
http://www.mahasi.org.mm/ (မဟာစည်-၁)
http://www.mahasi.org/ (မဟာစည်-၂)
http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
http://www.dhammadutaonline.com/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
http://www.dhammadownload.com/ ( ဓမ္မ MP3 ဒေါင်းလုပ် )
http://www.lknt.org/ (တရားတော်များ)
http://dhammafocus.myanmarbloggers.org/ (ဓမ္မဆုံချက်)
http://531collections.co.cc/ (တရားတော်များ)
http://burmaborn.wordpress.com/ (တပိုင်တနိုင် သာသနာပြုရအာင်)

စိတ်ချမ်းသာဖို့ 

စိတ်ချမ်းသာဖို့လိုရင်းပါ

> *(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ
> ဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေ
> လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့
> မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါ ပြောနိုင်တယ်။
> တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ်
> စိတ်ချမ်းသာမှု ရစေချင်တယ်။ *
>
> * ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး
> ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင် ဘယ်လိုလုပ်
> စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။*
>
> *(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက်
> ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။
> ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင်
> သတိထားပါတယ်။*
>
> *(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်း
> တန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာ
> တန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။
> မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ Happy Birth Day
> ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို
> ပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့
> သဘောထားမယ်။ *
>
> *(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို
> အကောင်းဆုံးသဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို
> ရုန်းကန်ပြီး နေသွားကြတယ်။*
>
> *(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသား
> စေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို
> မတတ်နိုင်တဲ့အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။*
>
> *(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ
> တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း
> ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့
> မဖြစ်ဘူး။*
>
> *(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက်
> စိတ်ဆိုးစရာ မဟုတ်ဘူး။ *
>
> *(၈) ` အပ္ပမာဒေန သမ္ပာဒေထ` လို့ ဘုရား နေ့တိုင်း ဟောကြား သတိပေးတာကို မမေ့ဘူး။
> အရေးးအကြီးဆုံး သတိပေး ဟောကြား မှာထားခဲ့တာကို နေ့တိုင်း အားထုတ်မယ်။ နေရာမရွေး
> အချိန်မရွေး သတိနဲ့နေမယ်။ ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်။ *
>
> *(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ
> မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။
> ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ
> ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို
> စိတ်ချမ်းသာမှု ပေးနိုင်*
>
> *မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။*
>
> *(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း
> ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။
> ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။
> ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး
> စိတ်ချမ်းသာနိုင်တယ်။*
>
> *(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။
> ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ
> လေ့လာရမယ်။ စိတ်ချမ်းသာတဲ့သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။ *
>
> *(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။
> လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ
> မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။ *
> *(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ
> သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်
> စိတ်ဝင်စားတာ၊ ကိုယ် *
> *၀ါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ ဒါပေမယ့်
> ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။ *
>
> *(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်
> ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။*
>
> *(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
> ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ
> ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။
> ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။*
> * ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင်
> စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့
> ခံစားမှုအတွက် ငါ့မှာပဲ တာ*
> *၀န်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို
> ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို
> စိတ်ဆင်းရဲအောင် လုပ်ကြတယ်။
> ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။ *
>
> * *
> *စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
> စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ*
> * *
>
> *Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။ *
>
> *Brightness: အသိဉာဏ် တောက်ပြောင်တယ်။*
>
> *Cheerfulness: ရွှင်လန်းတယ်။*
>
> *Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။*
>
> *Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။*
>
> *Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။*


> *Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။*
>
> *Forgiveness: ခွင့်လွှတ်နိုင်တယ်။*
>
> *Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။*
>
> *Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။*
>
> *Joyousness: ကြည်လင်ရွှင်လန်းတယ်။*
>
> *Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။*
>
> *Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။*
>
> *Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။*
>
> *Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။*
>
> *Peacefulness: စိတ်ငြိမ်းချမ်းတယ်။*
>
> *Power: စိတ်စွမ်းအားကြီးတယ်။*
>
> *Productiveness: အလုပ်များများလုပ်နိုင်တယ်။*
>
> *Wisdom: ဉာဏ်ပညာရှိတယ်။*
>
> * ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို
> ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင် ဖြေရှင်းရတာကို သဘောကျတယ်။*

မ္မေတာဘ၀နာ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ
မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို
စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး
သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ
ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း

တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။
အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို
မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။
နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။
မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ
မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ
ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို
ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့
မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။
(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။
ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)

မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။
မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။
တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။
မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။
မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။
တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။
ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။
မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။
အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။
လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ
မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်

- အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။

- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။

- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။

- အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။

- အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။

နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း

မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။
ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။
ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။

ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…

ဤကောင်းမှုကုသိုလ်ကြောင့် နိမ့်သောကံမြင့်၊ ပိတ်သောဉာဏ်ပွင့်၍ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုသည့်တိုင်အောင် အကြောင်းအထောက်ပံ့ကောင်းဖြစ်ရပါစေ။

သူတော်မွန်
မေတ္တာ၏အကျိုးကျေးဇူးများ




နှလုံးသားမှာဘုရားတည်

ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်)ရဲ့ အလှူမှတ်တမ်းတွေ ဖတ်ကြည့်မိပြီး စိတ်ထဲမှာ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ ဒီလိုအလှူမျိုးမှ ပါရမီမထိုက်ရင် ဘယ်အလှူကို ပါရမီထိုက်တယ်လို့ ခေါ်ပါ့မလဲနော်။ တကယ် လိုအပ်တဲ့နေရာ.. တကယ် လိုအပ်နေတဲ့လူတွေ.. အလှူ့ရှင်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြမယ့် သူတွေကို လှူရတာဟာ အင်မတန် ကြည်နူးပီတိ ဖြစ်ရပါတယ်။ ကိုယ်လှူလိုက်တဲ့ ပစ္စည်းတွေကို သုံးဆောင်ပြီး သူတို့ရဲ့အသက်ကို ဆက်နေကြတာဆိုတော့.. ဒီလို အလှူမျိုးဟာ သူတစ်ပါးရဲ့ အသက်ကို ကယ်နေတယ် ဆိုရင်လည်း မမှားပါဘူးနော်။ သူတို့ အသက်ရှင်နေသမျှ ကာလပါတ်လုံး သူတို့တွေ လုပ်ချင်နေတဲ့ ကုသိုလ်တရားတွေ ဆက်လက် လုပ်ဆောင်နိုင်အောင်.. သူတို့တွေရဲ့ ရင်ထဲမှာ သီလ၊ သမာဓိ၊ ပညာတွေ တိုးပွားလာစေဖို့ အသက်ဆက်ပေးနေတယ် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဒါကိုမှ နှလုံးသားထဲမှာ ဘုရားတည်ပေးတာ မဟုတ်ရင် ဘယ်ဟာကို ဘုရားတည်တယ်လို့ ဆိုအုံးမှာလဲ?


ဘုရားတည်တယ်ဆိုတာ ဘာလည်း? အပြင်မှာ ရွှေစေတီကြီးတွေ ၀င်းနေတာကိုမှ ဘုရားတည်တယ်လို့ ခေါ်တာလား? နိုင်ငံတစ်နိုင်ငံရဲ့ သာသနာတော် တိုးတက်မှုကို ဘုရားစေတီတွေ အများကြီးရှိတာနဲ့ တိုင်းတာရမှာလား? အဲ့လိုမျိုး ဘုရားစေတီတွေများမှ သာသနာတော် တိုးတက်တယ်လို့ ထင်နေရင်တော့ မှားနေတာပါနော်။ အပြင်မှာတည်ထားတဲ့ ဘုရားစေတီတွေ ဘယ်လောက်များများ လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားရှင်ဆုံးမခဲ့တဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ တရားတွေ ကိန်းဝပ်မနေရင် အပြင်မှာ တည်ထားတဲ့ ဘုရားတွေ ဘယ်လောက်များများ တစ်ချိန်ချိန်မှာ ဘုရားရှင်ရဲ့ အဆုံးအမတွေ မလွဲမသွေ ကွယ်ပျောက်သွားရမှာပါ။ ယခု ဟိန္ဒြူဝါဒကို အများဆုံး ကိုးကွယ်နေတဲ့ အိန္ဒိယနိုင်ငံဟာ အရင်က ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး စေတီပေါင်း မရေမတွက်နိုင်အောင် များပြားခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ရင်ထဲမှာ ဘုရားရှင်ဆုံးမခဲ့တဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆုံးအမတွေ မကိန်းဝတ်ခဲ့တဲ့အတွက် ယခုအခါမှာ အစအနတောင် ရှာလို့မရလောက်အောင် ဘုရားရှင်ရဲ့ အဆုံးအမတွေ ကွယ်ပျောက်ခဲ့ရပါတယ်။ ဘုရားပုထိုးစေတီတွေဆိုရင် မိုင်းခွဲသူကခွဲ.. ဖျက်စီးသူက ဖျက်စီးနဲ့ အင်မတန် အရုပ်ဆိုး အကျည်းတန်ခဲ့ရပါပြီ။ ဒါကျွန်တော်တို့ လူမျိုးတွေအတွက် သင်ခန်းစာယူစရာ အချက်တစ်ချက်ပါပဲ။

ဒီဘုရားတည်တဲ့ အကြောင်းလေးကို အလှူအတန်း လှူဒါန်းတာနဲ့ ဘာလို့ယှဉ်ပြောရလည်းဆိုတော့ လူအများစုက ဘုရားတည်တာမှ သာသနာပြုတယ် ထင်နေကြလို့ပါ။ တကယ်တော့ ဘုရားတည်တာဟာ သာသနာပြုတာ မဟုတ်ပါဘူး။ ဒါနသဘောပဲ သက်ရောက်ပါတယ်။ သာသနာပြုတယ်ဆိုတာ တကယ်တော့ လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆုံးအမတွေ ကိန်းဝပ်နေအောင်.. လိုက်နာကျင့်ကြံတတ်အောင် ဆုံးမပေးတာမှ သာသနာပြုတယ်လို့ ဆိုပါတယ်။ အခု ဆရာတော်အရှင်ဇ၀န လှူဒါန်းလိုက်တဲ့ အလှူမျိုးကမှ လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားတည်ပေးလိုက်တာပါနော်။

စားစရာသောက်စရာမရှိတဲ့ လူတွေမှာ ကုသိုလ်လုပ်ဖို့ဆိုတာ အခက်အခဲများစွာ ရှိပါတယ်။ နောက်ပြီး ရောဂါဝေဒနာ ခံစားနေရတဲ့ အနာကြီးရောဂါသည်တွေဆိုတော့ လူတောလည်း မတိုးရဲ.. လူတကာကလည်း ကဲ့ရဲ့.. ဒီကြားထဲ ဆေးဖိုးဝါးခလည်း မတတ်နိုင်နဲ့.. အင်မတန် ဒုက္ခရောက်ရပါတယ်။ ဒီတော့ သူတို့အတွက် ကုသိုလ်လုပ်ဖို့ အချိန်ဆိုတာ ဘယ်မှာလည်းနော်။ လုပ်ချင်ရင်တောင် တော်တော်လေး အခက်အခဲ ဖြစ်နိုင်ပါတယ်။ ဒီလို တကယ်လိုအပ်နေတဲ့ အချိန်မှာ ဆရာတော်ထောက်ပံ့လိုက်တဲ့ ငွေကြေးလေးကြောင့် သူတို့တွေ စိတ်ချမ်းသာမှုရပြီး.. ဒီငွေလေးနဲ့ အသက်ဆက်ပြီး ကုသိုလ်တွေလုပ်နိုင်အောင် ကြိုးစားမယ်ဆိုရင်.. ကိုယ်လှူလိုက်တဲ့ ငွေကြေးဟာ သူတို့တွေရဲ့ ရင်ထဲမှာ ကုသိုလ်တရားတွေ ပွားများစေဖို့ ဘုရားတည်ပေးလိုက်တာနဲ့ အတူတူပါပဲနော်။

ဒီအတိုင်းပါပဲ.. ဘယ်အလှူပဲဖြစ်ဖြစ် လိုအပ်တဲ့ နေရာတွေကို လှူတတ်မှ အကျိုးများပြီး ပါရမီထိုက်တာပါ။ တကယ်လိုအပ်နေတဲ့ ပရိယတ္တိစာသင်တိုက်တွေ.. ကျောင်းတက်စရိတ်မရှိတဲ့ ကလေးတွေ ထောက်ပံ့ကြေး ပေးတာတို့.. ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေကို ဆေးဖိုးဝါးခ ထောက်ပံ့တာတွေ.. ပြောရရင်တော့ လိုအပ်နေတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ ဒါကို.. ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစုက.. နာမည်ကြီးချင်လို့ ဘုရားတွေတည်ကြ.. ဘွဲ့ထူးဂုဏ်ထူးတွေရချင်လို့ မလိုအပ်တဲ့ နေရာတွေမှာ သိန်းပေါင်းများစွာ အကုန်ကျခံပြီး သုံးစွဲကြနဲ့.. အင်မတန် စိတ်မကောင်း ဖြစ်မိပါတယ်။ လိုအပ်နေတဲ့နေရာကို လိုအပ်သလို အသုံးမချတတ်တဲ့ အတွက်ကြောင့်.. တခြားဘာသာတွေက ငွေကြေးအသုံးချပြီး ဘာသာထဲ အတင်းဝင်ခိုင်းတဲ့အတွက်.. ငွေကြေးလိုအပ်နေတဲ့ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာခြားတွေ ဖြစ်သွားတာတွေ မနည်းတော့ပါဘူး။

လိုအပ်နေတဲ့နေရာတွေ လှူတာဟာ တကယ်တော့ သာသနာကို စောင့်ရှောက်နေတယ် ဆိုရင်လည်း မမှားပါဘူး။ ဆရာတော်အရှင်ဇ၀နရဲ့ ဆုံးမစကားလိုပါပဲ.. ဘာသာခြားကနေ ဗုဒ္ဓဘာသာကို ပြောင်းတာဟာ ဗုဒ္ဓဘာသာက မြတ်လို့.. ဗုဒ္ဓဘာသာကနေ ဘာသာခြားကို ပြောင်းတာဟာ ဗုဒ္ဓဘာသာတွေ ငတ်လို့ပါတဲ့။ ဟုတ်ပါတယ်နော်.. ကိုယ့်ဗုဒ္ဓဘာသာ လူမျိုးတွေက လိုအပ်တဲ့နေရာတွေ မလှူတတ်ပဲနဲ့.. နာမည်ကြီးအောင် ဘုရားတွေကို သိန်းပေါင်းများစွာ အကုန်ကျခံပြီး တည်ကြပါတယ်။ ဘုရားတည်တာကို အပြစ်ပြောတာ မဟုတ်ပါဘူးနော်။ ဘုရားတည်လို့ကုန်ကျမယ့် ပိုက်ဆံတွေအစား လိုအပ်နေတဲ့ နေရာတွေကို လှူစေချင်ပြီး လူတွေရဲ့နှလုံးသားထဲမှာ ပျောက်ကွယ်နေတဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေ ထည့်ပေးစေချင်တဲ့ သဘောလေးပါ။ ဗုဒ္ဓအဆုံးအမကို တကယ်သိသွားပြီ ဆိုရင်လည်း.. ဘုရား၊ တရား၊ သံဃာမြင်ရင် လက်အုပ်မချီပဲ မနေနိုင်သလို.. အိမ်မှာရှိတဲ့ ဘုရားကျောင်းဆောင် (ဘုရားစင်ဟု မသုံးလိုသောကြောင့်) ကိုလည်း ဘုရားရှင်ရဲ့ စေတီပုထိုး အဖြစ်ဖြင့် သက်တော်ထင်ရှားအလား ကိုးကွယ်တတ်သွားမှာပါ။

ဘုရားအဆုံးအမတွေ တကယ်သိသွားအောင် လုပ်ဆောင်ပေးတာဟာ လူတွေရဲ့ ရင်ထဲမှ ဘုရားတစ်ဆူစီ တည်ပေးတဲ့အတွက် လူအများစုကို ဘုရားအဆုံးအမတွေ တည်အောင် ထည့်ပေးနိုင်ရင် ဘုရားပေါင်း မြောက်များစွာ တည်ပေးတယ် ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ဒ့ါကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေအနေနဲ့.. အပြင်မှာတည်မယ့် ဘုရားတွေထက်.. လိုအပ်နေတဲ့ နေရာတွေမှာ လိုအပ်နေတဲ့ လူတွေကိုလှူရင်း.. သူတို့တွေရဲ့ ရင်ထဲမှာ မရှိသေးတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတွေ တည်ပေးနိုင်အောင် ကြိုးစားကြပါလို့.. ဆရာတော် အရှင်ဇ၀နရဲ့ မေတ္တာဓါတ်ကို ဦးညွတ်ကန်တော့ရင်း ဆန္ဒပြု ဆုတောင်းပေးပါတယ်။ ဆရာတော်အရှင်ဇ၀နရဲ့ အလှူအတန်း ဖိုတိုများကိုလည်း ကြည်ညိုသဒ္ဓါ ပွားများစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အားကျအတူယူကာ သာသနာတော်ကို စောင့်ရှောက် ကြည်ညိုနိုင်ကြပါစေ…။

Monday 24 August 2009

မိုးကုတ်

ကိန်သုကောပမသုတ်(၁)

ကိန်သုကောပမသုတ်(၂)
(ဖားအောက်တောရဆရာတော်)


lo_poakko bel(မိုးကုတ်ဆရာတော်)

ditti_may_1(မိုးကုတ်ဆရာတော်)

ditti_may_2(မိုးကုတ်ဆရာတော်)

_ditti_may_3(မိုးကုတ်ဆရာတော်)

ditti_pyote_1(မိုးကုတ်ဆရာတော်)

ma_lwaw_ma_tin_kyint(မိုးကုတ်ဆရာတော်)

nar_nyi_lair_pyaw(မိုးကုတ်ဆရာတော်)

nate_ban_myin_pone(မိုးကုတ်ဆရာတော်)

ngar_thay_yin(မိုးကုတ်ဆရာတော်)

nwa_kyaung_thar(မိုးကုတ်ဆရာတော်)

pyone_thay_mei_thay(မိုးကုတ်ဆရာတော်)

saita_nu_patthana(မိုးကုတ်ဆရာတော်)

ditti_pyote_2(မိုးကုတ်ဆရာတော်)

ditti_pyote_3(မိုးကုတ်ဆရာတော)

ho_bawa_de_bawa(မိုးကုတ်ဆရာတော်)

khandar_move_death(မိုးကုတ်ဆရာတော်)

kho_koe_yar_shar_htar_par(မိုးကုတ်ဆရာတော်)

koe_ko_ko_thone_that(မိုးကုတ်ဆရာတော်)

ma_chone_pe_ywa_de_moe(မိုးကုတ်ဆရာတော်)

shei_sate_ko_nauk_sate_ne(မိုးကုတ်ဆရာတော်)

taya_myin_mha_paya_myin.rar(မိုးကုတ်ဆရာတော်)

thar_du_tan(မိုးကုတ်ဆရာတော)

thitsar_ne_kan_lay_par(မိုးကုတ်ဆရာတော်)

vipassana_shu_nee(မိုးကုတ်ဆရာတော်)

witharkhar_n_dameinda_1(မိုးကုတ်ဆရာတော်)

witharkhar_n_dameinda_2(မိုးကုတ်ဆရာတော်)

zaw_7_times(မိုးကုတ်ဆရာတော်)

(၂၄)ပစ္စည်း

သတိထားပါ

ဦးသုခ မေတ္တာ

တရားအားမထုတ်ခင်သိသင့်သောအချက်များ



အောက်ပါစာအုပ်များကို အလှူဒါနပြုသော ကိုကျော်စန်းယုအားအထူးကျေးဇူးတင်ပါသည်၊စာအုပ်ပေးလှူခြင်းကြောင့် ဥာဏ်ပညာကြီးမားပြီး၊လိုအင်ဆန္ဒပြည့်ဝပါစေလို့ ညီလေးဆုတောင်းပေးပါတယ်

အောက်ပါစာအုပ်များကိုလက်ဆင့်ကမ်းအလှူဒါနပြုလုပ်နိုင်ပါတယ်၊

buddha (မြတ်ဗုဒ္ဓ)

buddha ean taw history (ဗုဒ္ဓအံသွားတော်သမိုင်း)

kyaikhtiyo (ကျိုက်ထီးရိုးစေတော်တီတော်သမိုင်း)

SagaingHill History (စစ်ကိုင်းတောင်သမိုင်း)

thangar ya nar history (သံဃာရတနာတင်ခဲ့သည့်သမိုင်း)


ဓမ္မစကြာ(ဖားအောက်တောရဆရာတော်)
ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် တရားတော်များတည်တံ့စေရန် ထိန်းသိမ်းခဲ့သော ကျေးဇူးတော်ရှင် ရဟန်းသံဃာအရှင်သူမြတ်အပေါင်းတို့ ၏ကျေးဇူးကြောင့် တန်ဖိုးမဖြတ်နိုင်သော တိပိဋကပ်သုံးပုံကြီးကိုလေ့လာလိုသူများအတွက်
မြန်မာပြန်တိပိဋကသုံးပုံ



ရှာဖွေကြစို့ 



မွတ်စလင်တွေရဲ့ လျှိုဝှက်ဖြန့်ဝေချက်

စာအုပ်စင်